နှလုံးသားအသစ်ဆိုတာရှိပါ့မလား

မွသန်တာ

700 Kyats ကျပ်
(၁၉၈၉) ခုနှစ်က စာပေဗိမာန် ပထမဆုရခဲ့ပြီး၊ (၁၉၉၁) ခုနှစ်မှာ အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာမမြသန္တာရဲ့ လုံးချင်းဝတ္ထုရှည်တစ်ပုဒ်ပါ။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ အိသဉ္ဇာက တက္ကသိုလ်ကျောင်းသူ။ သိပ္ပံတွဲနဲ့ day တက်နေတာပေါ့။ အိသဉ္ဇာရဲ့ မွေးနေ့တိုင်း ဖုန်းဆက်ပြီး ဟက်ပီဘတ်ဒ်ဒေးဆိုတဲ့ ဆုတောင်းစကားလေး ပြောပေးတတ်တဲ့ သူစိမ်းတစ်ယောက်။ အဲဒီသူစိမ်းက တစ်နှစ်မှ တစ်ခါ ဖုန်းထဲကနေပဲ အသံနဲ့ ပေါ်လာတတ်ပေမဲ့ ပြင်ပဘဝမှာ ရှေ့ထွက်မလာခဲ့ပါဘူး။ ဒီနှစ်မွေးနေ့မှာလည်း ထုံးစံအတိုင်း ဖုန်းဝင်လာခဲ့ပြီး မွေးနေ့ဆုတောင်းစကား ပြောသွားခဲ့ပြန်တယ်။ အိသဉ္ဇာအတွက်ကတော့ ထူးထူးခြားခြား မဟုတ်တော့ပါဘူး။ ဒါပေမဲ့ … သူဘယ်သူလဲဆိုတာတော့ သိချင်နေမိတယ်။ အိသဉ္ဇာရဲ့ ဒီနှစ် မွေးနေ့မှာ သူငယ်ချင်းဖြစ်တဲ့ ဆေးကျောင်းသား အောင်ထက်ဦးရယ်၊ မိန်းကလေး သူငယ်ချင်းတွေရယ်နဲ့အတူ ဘုရားသွားကြဖို့ စီစဉ်ဖြစ်တယ်။ အိသဉ္ဇာရဲ့ သူငယ်ချင်းတွေထဲမှာ အချောအလှဆုံးက မေဝါ။ အိသဉ္ဇာရဲ့ မွေးနေ့ကို အကြောင်းပြုပြီး မေဝါနဲ့ အောင်ထက်ဦးတို့ သံယောဇဉ်အမျှင်တန်းခဲ့ကြတယ်။ အိသဉ္ဇာ ထင်ထားတာက မွေးနေ့တွေမှာ သူ့ဆီ ဖုန်းဆက်နေသူဟာ အောင်ထက်ဦးလို့ ခန့်မှန်းခဲ့ပေမဲ့ ထင်တဲ့အတိုင်း မဟုတ်ပြန်ဘူး။ ဒါဆို ဖုန်းဆက်တတ်တဲ့သူက ဘယ်သူလဲ။ ဘာကြောင့် အဲဒီလူက လျှို့ဝှက်နေထိုင်နေတာလဲ။ စာပေဆုတွေ ရရှိထားတဲ့ ဒီဝတ္ထုက ဘယ်လို ဇာတ်လမ်းမျိုး ဖြစ်လိမ့်မလဲ … ။