ဒုတိယမြောက်အိပ်မက်

မွသန်တာ

700 Kyats ကျပ်
အောင်ရဲ့ ဖေဖေက ဇော့်ဖေဖေရဲ့ စီးပွားရေးလုပ်ငန်းမှာ လူယုံဖြစ်တဲ့အပြင်၊ ဇော်နဲ့ အောင်ကလည်း ကလေးဘဝကတည်းက ကစားဖော် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ညီအစ်ကိုရင်းတွေလို တပူးတွဲတွဲ ရှိခဲ့ကြလို့ အရွယ်ရောက်တဲ့အထိ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် နေခဲ့ကြပေမဲ့ ဇော်နဲ့ အောင်က အကျင့်ချင်းတော့ မတူပါဘူး။ ဇော်က စိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုခုကို တစ်ခဏလောက်ပဲ စိတ်ဝင်စားတတ်တယ်။ သူတစ်ပါး သုံးစွဲတာ မြင်ရင် လိုက်ဝယ်သုံးတတ်ပေမဲ့ ခဏအတွင်းမှာပဲ မကြိုက်တော့ပြန်ဘူး။ အောင်ကတော့ ဒီလိုမဟုတ်ဘူး။ အစွဲအလမ်းကြီးတယ်၊ တစ်ခုခုကို စိတ်ပါဝင်စားရင် စွဲစွဲနစ်နစ် လုပ်လေ့ရှိတယ်။ အကျင့်စရိုက်သဘာဝချင်း မတူပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတယ်။ တစ်နေ့မှာ … ဇော်နဲ့ အောင်တို့ ဆိုင်ကယ်နဲ့ သင်တန်းသွားကြရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကို ဝင်တိုက်မိသွားတယ်။ အဲဒီကစပြီး ပန်းခရေလှိုင်ဆိုတဲ့ မိန်းမချောလေးတစ်ယောက် ဇော်နဲ့ အောင်ရဲ့ ဘဝထဲ ဝင်ရောက်လာပါတော့တယ်။ အစွဲအလန်းကြီးတဲ့ အောင်နဲ့ တစ်ခုခုကို ခဏပဲ စိတ်ဝင်စားတတ်တဲ့ ဇော်တို့ ပန်းခရေလှိုင်ရဲ့ အချစ်ကို ဘယ်သူ ဆွတ်ခူးနိုင်လိမ့်မလဲ။