စည်းတစ်ဘက်မှာ သည်းဦးပန်းကြွေ

မွသန်တာ

700 Kyats ကျပ်
နှလုံးသား နူးညံ့ပြီး သနားတတ်၊ ကြင်နာတတ်၊ ချစ်တတ်တဲ့ ဒေါက်တာအောင်ထိုက်ကျော်။ စည်းစိမ်ဥစ္စာ၊ ရာထူး၊ သမီးတစ်ယောက် သားတစ်ယောက်နဲ့ လှပတဲ့ ဇနီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အရာရာ ပြည့်စုံတဲ့ လူတစ်ယောက်။ ဒေါက်တာအောင်ထိုက်ကျော်ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် နေ့တစ်နေ့ ရောက်လာတယ်။ ဇနီးဖြစ်သူ ညိုက သူ့အတွက် သမီးဦး မွေးခဲ့ပြီးနောက်မှာ သားဦးလေး ထပ်မွေးပေးတဲ့အတွက် ညို့ကို ကျေးဇူးတင်လွန်းလို့ လက်ဆောင်အဖြစ် ရတနာပစ္စည်းတစ်ခုခု ဝယ်ပေးဖို့ စဉ်းစားလိုက်မိတယ်။ ရတနာဆိုင်ကို ရောက်တဲ့အခါ လှပသိမ်မွေ့ပြီး အပြောကောင်းတဲ့ အရောင်းဝန်ထမ်း မိန်းမလှလေးတစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့တယ်။ ရင်းနှီးခဲ့တယ်။ အဲ့ဒါနဲ့ပဲ … မိုးနှင်းဖြူ ဆိုတဲ့ ကောင်မလေးနဲ့ ရင်းနှီးရာကနေ၊ မိုးနှင်းဖြူရဲ့ ဘဝကို စာနာမိတဲ့ ဒေါက်တာဟာ စာနာရင်းက သနား၊ သနားတော့ ကူညီ၊ ကူညီရာက သဒ္ဓါလွန်ပြီး နှလုံးသားရော၊ ဘဝရော၊ မိသားစု အခြေအနေတွေပါ မတည်မငြိမ် ဖြစ်လာပါတော့တယ်။ ဒီအခါ … လူ့ကျင့်ဝတ်အရ မကျော်သင့်တဲ့ စည်းတစ်ဖက်ကို ဒေါက်တာတစ်ယောက် ဆက်လှမ်းလျှောက်မလား၊ နောက်ဆုတ်ပြန်မလား။ ဖတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။