လွမ်းအိပ်မက်မှ နိုးထလျှင်

မွသန်တ

700 Kyats ကျပ်
ထွေးအောင်၊ ဒေမီ၊ ကျော်မင်းလွင်၊ ခင်ဖြူနဲ့ နွေကလျာဆိုတဲ့ ငယ်သူငယ်ချင်းငါးယောက်မှာ ကျော်မင်းလွင်နဲ့ နွေကလျာတို့နှစ်ယောက်က သူငယ်ချင်းအဆင့်ထက် ပိုပြီး ချစ်သူအဖြစ် တစ်ဆင့်တက်ခဲ့ကြတယ်။ ချစ်သူဖြစ်ခဲ့ကြပြီးမှ သူငယ်ချင်းအချင်းချင်း သစ္စာမထား၊ ဖောက်ပြားတဲ့ နှလုံးသားနဲ့ နွေကလျာကို ပစ်ပြီး ဒေမီနဲ့ လက်ထပ်သွားတဲ့ ကျော်မင်းလွင်။ သစ္စာဖောက်ခဲ့သူတွေကို ပြန်မမြင်ချင်တော့လောက်အောင် နာကြည်းမိတဲ့ နွေကလျာအတွက်မှာတော့ မုန်းချင်ပေမဲ့ မေ့မရနိုင်ပါဘူး။ လွမ်းနေတာမျိုး မဟုတ်တဲ့ နာနာကြည်းကြည်း သတိရမှုနဲ့ တိုက်ဆိုင်မှုရှိတိုင်း အမှတ်ရနေတုန်းပါပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ခံစားမှုနဲ့ နွေကလျာဟာ အချစ်ကိုလည်း မယုံတော့ဘူး၊ သူငယ်ချင်းဆိုတာကိုလည်း မယုံတော့ဘူး။ တင်းမာခက်ထန်တဲ့ နှလုံးသားနဲ့ တူလေးဖြစ်တဲ့ ဖိုးသားကို လိုသလို ပုံသွင်းခဲ့ပေမဲ့ ဖိုးသားက အရွယ်ရောက်လာတဲ့အခါ သူ့ ငယ်သူငယ်ချင်းကောင်မလေး ဂူဂူးကိုမှ ချစ်မိပြန်သတဲ့။ သူငယ်ချင်း ချစ်သူနဲ့ သူငယ်ချင်းအရင်းရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတဲ့ နွေကလျာတစ်ယောက် တူဖြစ်သူ ဖိုးသားနဲ့ ဂူဂူးရဲ့ ချစ်ခြင်းကို သဘောတူနိုင်ပါ့မလား။ ကြည်ဖြူနိုင်ပါ့မလား။ ဒီဇာတ်လမ်းက ဘယ်လိုများ ဖြစ်မလဲ ?