ဆက်ရာမှာ အက်ရာတွေနဲ့

မွသန်တာ

700 Kyats ကျပ်
မိုးအေးအေးနဲ့ အချစ်ဝတ္ထု ကောင်းကောင်းလေးကိုမှ ဇိမ်ကျကျ ဖတ်ချင်ကြတဲ့ စာချစ်သူတွေအတွက် ဆရာမမြသန္တာရဲ့ အုပ်ရေ (၉၀) မြောက် အထူးထုတ်အဖြစ် ထွက်ရှိခဲ့တဲ့ အချစ်လုံးချင်းဝတ္ထုရှည် စာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ “အက်ကွဲသွားတဲ့ အသည်းနှလုံးကို နဂိုအတိုင်း ပြန်ဆက်လို့ရပေမဲ့ … ဆက်ရာက အက်ရာတွေပါသလို အက်သံမြည်နေဦးမှာပဲလေ … ဒါကြောင့်မို့ ဆက်ထားတဲ့ အသည်းနှလုံးကို မလိုချင်တော့ပါဘူး … နှလုံးသားအသစ်ပဲ ပြန်လည်မွေးဖွားရင်းနဲ့ …” ဒီကဗျာလေးနဲ့ အစချီထားတဲ့ ဇာတ်လမ်းလေးမှာ … စိတ်ဓာတ်မခိုင်မာတဲ့ ယောက်ျားတစ်ယောက်ကို ချစ်ခဲ့မိသူ ဝိုင်ရီဆက် ဆိုတဲ့ ဒေါက်တာမလေးဟာ နာကျင်ကြေကွဲစရာ အတိတ်တွေ ပြည့်နေတဲ့ ထားဝယ်မြို့ကို အပြီးတိုင် ကျောခိုင်းလို့ ထွက်ခွာခဲ့ပါတယ်။ တာဝန်ကျတဲ့ တောင်ပေါ်မြို့ကလေးမှာ ဘဝသစ်တစ်ဖန် ပြန်လည်မွေးဖွားရင်း နှလုံးသားဒဏ်ရာကို အနာကျက်အောင် ကုစားနေတဲ့ ဒေါက်တာဝိုင်ရီဆက်ရဲ့ ဘဝထဲ နောက်ထပ် ယောက်ျားတစ်ဦး ထပ်မံ ဝင်ရောက်လာပြန်ပါတယ်။ အဲ့ဒီအခါ … မိန်းမသားတစ်ယောက်ရဲ့ ကျိုးပဲ့နေခဲ့တဲ့ နှလုံးသားဟာ အလွယ်တကူ ပြန်ဆက်သွားနိုင်ပါ့မလား … ဆက်ရာမှာရော အက်ရာတွေ ရှိနေမှာလား … ဒါမှမဟုတ် နှလုံးအသစ် ပြန်လည် မွေးဖွားလာမလားဆိုတာ …