ခေတ်ပြိုင်ရုပ်ပုံလွှာများ

မြသန်းတင့်

1100 Kyats ကျပ်
ကလျာမဂ္ဂဇင်းထဲမှာ အညတရရုပ်ပုံလွှာများဆိုပြီး ဆရာရေးနေတာတွေကို မေလင်း အမြဲဖတ်ပါတယ်။ အရင်လကစပြီး ခေတ်ပြိုင်ရုပ်ပုံလွှာများဆိုပြီး ခေါင်းစဉ်ပြောင်းလိုက်တာကိုလည်း မေလင်းသတိထားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝဆိုတာ လူမျိုးစုံ၊ အတန်းအစားမျိုးစုံ ရှိတယ် မဟုတ်လား။ အညတရ မဟုတ်တဲ့ လူတွေမှာလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိကြတာကိုး။ အညတရလို့ ခေါင်းစဉ်တပ်ထားလိုက်တော့ အညတရ မဟုတ်တဲ့ လူတွေအကြောင်းကို ရေးလို့မရသလို ဖြစ်နေတယ်။ မသိဘူးလေ။ မေလင်းကတော့ အညတရဆိုတာ ဆင်းရဲသား၊ သာမန်လူတွေ၊ အသိုင်းအဝိုင်းတို့ဘာတို့ မရှိတဲ့လူတွေကို ခေါ်တယ်လို့ ထင်တာပဲ။ မေလင်းထင်တာ မှားများ မှားနေမလားတော့ မသိဘူး။