လွမ်းမောခဲ့ရသော တက္ကသိုလ်ညများ

မြသန်းတင့်

800 Kyats ကျပ်
>> ကမ္ဘာမှာနာမည်ကြီးတဲ့ တက္ကသိုလ်တော်တော်များများက ဘွားကနဲ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ တဲကုပ်သာသာကနေ အစပြုပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်လည်း ဒီလိုပါပဲ။ ဒီဝတ္ထုက အမေရိကန်စာရေးဆရာ အီးရစ်ဆီဂယ်ရဲ့ ဝတ္ထုကို ဆရာမြသန်းတင့်က ဘာသာပြန်ထားတာပါ။ ဝတ္ထုရဲ့နောက်ခံက ၁၉၅၄-၅၈ ခုနှစ်ရဲ့ ဟားဗတ်တက္ကသိုလ်ဖြစ်ပါတယ်။ ဝတ္ထုမှာ ပါဝင်တဲ့ ဇာတ်ဆောင်တစ်ဦးဖြစ်သူ အင်ဒရူးအဲလီယော့က (၁၉၅၄) ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ သူနဲ့ သူ့သူငယ်ချင်းတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ၊ ကျောင်းကနေဘွဲ့ယူပြီး ကွဲကွာသွားကြပုံ၊ ငွေရတုသဘင်မှာပြန်ဆုံကြတဲ့ပုံတွေကို ရေးဖွဲ့ထားတာပါ။ မြန်မာနိုင်ငံက တက္ကသိုလ်တွေရဲ့ အတိတ်တွေက လွမ်းမောဖွယ်ကောင်းသလို သူတို့နိုင်ငံရဲ့ တက္ကသိုလ် အတိတ်တွေကလည်း ဘယ်လောက်လွမ်းမောဖွယ် ကောင်းတယ်ဆိုတာ ဒီစာအုပ်ထဲမှာ ရင်ဘတ်နဲ့ ခံစားကြည့်နိုင်ပါတယ်။