လက်ဖက်ရည်ဆိုင်

မြသန်းတင့်

1100 Kyats ကျပ်
ဒီစာအုပ်ထဲမှာ စာမျက်နှာ နည်းနည်းလေးပဲပါတယ်။ အချိန်နည်းနည်းလေး ပေးဖတ်ရင် ပြီးတဲ့စာအုပ်။ စာမျက်နှာနည်းသလောက် ရင်ဘတ်ထဲမှာ လုံးဝ စွဲကျန်စေနိုင်တဲ့ စာအုပ်လေးပါပဲ။ တရုတ်စာရေးဆရာကြီး လောရှိရဲ့ ‘လက်ဖက်ရည်ဆိုင်’ ပြဇာတ်ကို ဆရာကြီး မြသန်းတင့်က မြန်မာပြန်ဆိုထားတာ ဖြစ်ပါတယ်ဗျ။ ဒီပြဇာတ်ဟာ တရုတ်ပြည်တစ်နေရာထဲတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ထင်ရှားသလို ဂျပန်၊ အနောက်ဂျာမဏီနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ပြဇာတ်အဖြစ် စင်တင်ကပြတော့လည်း လူကြိုက်များခဲ့ကြပါတယ်။ ဆရာမြသန်းတင့် မြန်မာပြန်ဆိုလိုက်တော့လည်း ဖတ်တဲ့သူတိုင်း သဘောကျကြတယ်။ ‘လက်ဖက်ရည်ဆိုင်’ ကို နောက်ခံပြုပြီး တရုတ်ပြည်တွင်း ပြောင်းလဲနေတဲ့ အခြေအနေ အရပ်ရပ်ကို ဖော်ပြသွားပုံက သိပ်ကို လက်ရာမြောက် ပြဇာတ်တစ်ပုဒ်ပါပဲ။