ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း

မြသန်းတင့်

1100 Kyats ကျပ်
ဒီစာအုပ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ဆရာမြသန်းတင့်က ‘ဒေါက်တာဝပ်ဆင်´ရဲ့ ဇာတ်ဆောင်စရိုက်ကို အကျယ်ဖွင့်ဆိုပေးထားတာပဲ ဖြစ်ပါတယ်။ ရှားလော့ဟုမ်းဝတ္ထုတွေမှာ စုံထောက်ရှားလော့ဟုမ်းပြီးရင် နောက်ထပ် အရေးကြီးဆုံး ဇာတ်ဆောင်ကတော့ ဒေါက်တာဝပ်ဆင်ပါပဲ။ ရှားလော့ဟုမ်းလိုက်ခဲ့တဲ့ အမှုတွေကို မှတ်တမ်းတင်သူက ဒေါက်တာဝပ်ဆင်ဖြစ်လို့ သူသာမရှိရင် ရှားလော့ဟုမ်းလည်း မရှိနိုင်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ “အမှန်အားဖြင့် ရှားလော့ဟုမ်းနှင့် ဝပ်ဆင်တို့နှစ်ယောက်စလုံးသည် စာရေးဆရာ အာသာကိုနင်ဒွိုင်းလ်၏ ကိုယ်ပွားဖြစ်ပါသည်။ သူ့တစ်ကိုယ်တည်းတွင်ရှိသည့် စရိုက်ကို ကျွမ်းကျင်သည့် အရေးအသားဖြင့် ရေးထုတ်လိုက်သည့်အခါတွင် စရိုက်ချင်းမတူသောဇာတ်ဆောင်နှစ်ယောက် မွေးဖွားလာခဲ့ပါသည်။” ( မြသန်းတင့် ) စာဖတ်သူတို့ သတိထားမိမှာမဟုတ်တဲ့ ရှားလော့ဟုမ်းဝတ္ထုကြီးထဲက ဇာတ်ဆောင်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရဦးမှာပါ။ ပြီးတော့ ဉာဏ်ကစားရမယ့် ရှားလော့ဟုမ်း စုံထောက်ဝတ္ထုတွေကိုလည်း ဖတ်ရှုရဦးမှာဗျ။