မရဏအိပ်မက်တစ်ခု၏မှတ်တမ်း

မြသန်းတင့်

1100 Kyats ကျပ်
...ဂေဘရီယပ် ဂါစီယာမာကွတ်ဇတ် ဆိုတဲ့ ကိုလံဘီယာသား စာရေးဆရာကို သူ့နိုင်ငံက နိုင်ငံရဲ့ အမျိုးသားရတနာ တစ်ပါးလို့ သတ်မှတ်ထားသလို ကမ္ဘာကလည်း သူဟာ လက်တင်အမေရိကတိုက်ကြီးကို နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု တို့အရ ပေါင်းစည်းပေးတဲ့ အစုအဝေးကြီး တခု ဖြစ်စေချင်သူလို့ သတ်မှတ်ကြပါတယ်။ သူဟာ အင်မတန် နာမည်ကျော်ကြား တဲ့ စာအုပ်များစွာကို ရေးသားခဲ့သလို ထူးဆန်းတဲ့ အကြောင်းအရာတွေကိုလည်း ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးပါ။ ဒီအထဲမှာ လူသတ်မှုတခုလည်း ပါဝင်ပါတယ်။ (ဒါကိုတော့ အညွှန်းရှည်မှာ စိုးလို့၊ စာအုပ်ပါ ဘာသာပြန်သူရဲ့ အမှာတွင်သာ ဖတ်ကြည့်ကြစေချင်ပါတယ်) ဒီစာအုပ်ကလည်း လူသတ်မှုတခုကို အခြေတည်ပြီး ရေးထားတာ ဖြစ်ပေမယ့် သာမန် ရေးဖွဲ့မှုမျိုး မဟုတ်ပါဘူး။ လူသတ်မှု တခုထဲမှ ပါဝင် ဆက်စပ်နေသူ အားလုံးရဲ့ စိတ်အခြေအနေတွေကို အဓိကထား ရေးဖွဲ့ထားတာမို့ တမူထူးခြားတဲ့ လက်ရာအဖြစ် စာဖတ်သူတို့ ကြိုက်နှစ်သက်ကြမှာ ဖြစ်သလို၊ ဖတ်ပြီး အတွေးများ အကျိုးများစေမယ့် စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။