ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း

မြသန်းတင့်

1100 Kyats ကျပ်
မြန်မာနိုင်ငံနဲ့ နီးကပ်စွာရှိနေတဲ့ အင်အားကြီး တရုတ်နိုင်ငံဟာ ခေတ်အဆက်ဆက် စာပေယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံကြီးတစ်ခုပဲ ဖြစ်တယ်။ သူတို့ တရုတ်နိုင်ငံရဲ့ စာပေလက်ရာပေါင်းများစွာထဲမှာ ကမ္ဘာကျော် ဂန္ထဝင်လေးအုပ်ဆိုတာ ရှိတာပေါ့။ အဲ့ဒီအထဲက တစ်အုပ်ကတော့ ‘ခန်းဆောင်နီအိပ်မက်’ ဆိုတဲ့ ဝတ္ထုရှည်ကြီးပါပဲ။ ဆရာမြ ဘာသာပြန်ဆိုခဲ့တုန်းက ထူထဲလှတဲ့အပြင် Physical Book အဖြစ် ( ၉ ) တွဲထိ ထွက်ရှိခဲ့တယ်။ ဒီဝတ္ထုကြီးကို ဖတ်ရှုဖို့ မအားလပ်၊ အချိန်မပေးနိုင်သူတွေအဖို့ ဒီစာအုပ်က ဖတ်ဖို့ အသင့်တော်ဆုံးပါပဲ။ ‘ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း’ စာအုပ်ဟာ မူရင်း ခန်းဆောင်နီဝတ္ထုကြီးကို ဆရာမြသန်းတင့်က ပြန်လည်ခံစားပြီး ပေါ့ပေါ့ပါးပါးနဲ့ ရေးသားတင်ပြထားတဲ့ စာအုပ်ငယ်လေးဖြစ်လို့ တရုတ်ဂန္ထဝင်ဝတ္ထုကြီးအကြောင်း တီးမိခေါက်မိ ခံစားမိလိုသူတွေအနေနဲ့ ခုပဲ ဝန်ဇင်းမှာ ဖတ်ရှုလိုက်ပါတော့။