ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ

မြသန်းတင့်

1100 Kyats ကျပ်
“စာပေအနုပညာတစ်ရပ်ကို လူတန်းစားအမြင်နဲ့ ကြည့်ချင်တယ်ဆိုရင် အဲဒီစာပေအနုပညာဟာ ပစ္စည်းမဲ့လူတန်းစားအတွက် အခြေခံအားဖြင့် ကောင်းသလား၊ ဆိုးသလားဆိုတာကို အဓိကထားကြည့်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခြေခံအားဖြင့်ဆိုရင် အဲ့ဒီစာပေအနုပညာကို ဝေဖန်ဖွင့်ချတိုက်ခိုက်ရမယ်။ အခြေခံအားဖြင့်ကောင်းရင် ဒီအခြေခံအားကောင်းချက်ကို အသိအမှတ်ပြုပြီး ချွတ်ယွင်းချက်၊ အားနည်းချက်ကို ကူညီဖေးမတဲ့သဘောနဲ့ ထောက်ပြရမယ်။ ဒီနည်းအားဖြင့် စာပေအနုပညာကို ပိုမိုကောင်းမွန်အောင်၊ တိုးတက်အောင်လုပ်ပေးသင့်တယ်လို့ထင်တယ်” လို့ ဆရာမြသန်းတင့်က စာပေဝေဖန်ရေးအပေါ် သူ့ရဲ့အမြင်ကို ပြောထားပါတယ်။ ဒီစာအုပ်မှာ ဆရာမြသန်းတင့်ငယ်စဉ်က စွဲလန်းကြိုက်နှစ်သက်ခဲ့တဲ့ ဝတ္ထုဆယ်ပုဒ်ကိုပြန်တွေးပြီး စာပေဝေဖန်ရေးပုံစံ ပြန်ရေးထားတာပါ။ စာပေဝေဖန်ရေးဆိုတာ စာမျက်နှာပေါ်မတင်ပြကြရင်တောင် လေထန်ကုန်းမှာ သွားပြီးဆွေးနွေးလေ့ရှိကြတဲ့အတွက် ဒီစာအုပ်ဟာ ဖတ်ရှုသူတွေကို တော်တော်အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ ဒီစာအုပ်ထဲမှာ ဓား၊ မေ၊ သပိတ်မှောက်ကျောင်းသား၊ နေညိုညိုတို့လို နာမည်ကြီးစာရေးဆရာကြီးတွေရဲ့ ဝတ္တုတွေကို ဝေဖန်ရေးသားထားတာဖြစ်တဲ့အတွက် စပေချစ်ပရိသတ်တို့ရဲ့ ငယ်ဘဝကိုလည်း ပြန်ပြီးတော့အမှတ်ရစေမှာပါ။