ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ

မြသန်းတင့်

1100 Kyats ကျပ်
ကမ္ဘာ့စုံထောက်စာပေမှာ အထင်ရှားဆုံးနဲ့ နာမည်အကျော်ကြားဆုံး ဇာတ်ကောင်ကို ပြောပါဆိုရင် ရှားလော့ဟုမ်းကို ပြရပါလိမ့်မယ်။ ဒီလို ကမ္ဘာကျော် ဇာတ်ကောင်နဲ့ မြန်မာစာဖတ်ပရိသတ်ကို ထိတွေ့ပေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာတွေကလည်း အများအပြားပါပဲ။ ကမ္ဘာ့စာပေကို နှံ့စပ်တဲ့ ဆရာမြသန်းတင့်ဟာ ရှားလော့ဟုမ်းအပြင် အခြား လက်ရွေးစင် စုံထောက်ဝတ္ထုတိုများကိုလည်း အကောင်းဆုံးတွေကို စုစည်းပြီး ဘာသာပြန်ဆိုခဲ့ပါသေးတယ်။ ပင်ကိုရေး၊ အမှီး၊ ဘာသာပြန် စတဲ့ စာအုပ်တွေကြားထဲမှာမှ ဆရာ့ရဲ့ အမှီးဘာသာပြန်လက်ရာနဲ့ ပင်ကိုရေး စုံထောက်ဝတ္ထုကောင်းတွေကို ဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ကတော့ ‘ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ’ ဆိုတဲ့ စာအုပ်ပါပဲ။ ဖတ်ရှုခံစားကြည့်ပါဦးလို့ တိုက်တွန်းပါတယ်။း။