နေခြည်နွေးနွေး ပန်းမွှေးမွှေး

မြပုလဲခင်

800 Kyats ကျပ်
အပြောထက် အလုပ်ကို ဦးစားပေးပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်လုပ်ဆောင်တတ်သူ ဒေါက်တာထူးမြတ်။ ပန်းမွေ့ယာ ရွှေကော်ဇောထက်မှ လျှောကျခဲ့ပေမယ့် လောကဓံလှိုင်းအပုတ်ကို ကျောခံတံတိုင်းလုပ်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေတဲ့ ကျောင်းဆရာမလေး ဒေါ်ကြည်ပြာလှိုင်။ ပေမှာတစ်သီး၊ ကျီးမှာတစ်သား ဆိုတဲ့ စကားအတိုင်း၊ ငယ်ငယ်ကတည်းက စွဲခဲ့တဲ့ မိန်းကလေးအပေါ် တစ်ယောက်ဆို တစ်ယောက်ပဲ အသည်းထဲထားလို့ သစ္စာရှိရှိ စွဲစွဲမြဲမြဲ ချစ်မြတ်နိုးခဲ့သူ ရေကြောင်းအရာရှိလေး ကျော်သက်ခိုင်။ တစ်ဖက်သတ် ချစ်ရသူရဲ့ မေတ္တာကို တိတ်တခိုး မျှော်လင့်ခဲ့ပေမဲ့ လူကြီးမိဘစကားကို မပယ်ရှားတတ်တဲ့ ဗီဇကြောင့် မိဘသဘောတူ ကြည်ဖြူသူကို လက်ထပ်လိုက်ရတဲ့ ဒေါက်တာမြင့်သက်ထား။ ဒီစာအုပ်က၊ ရိုးသားမှုဟာ အဆန်းသစ်ဆုံး အလှတရားဆိုတာကို သိရှိနိုင်ဖို့ ရိုးသားတဲ့ လူလေးဦးအကြောင်းကို ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားတဲ့ ဘဝသရုပ်ဖော် အချစ်ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူဟာ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်နဲ့ ရင်ထဲမှာ ကျန်ခဲ့စေမယ့် ဝတ္ထုမျိုး ဖတ်ချင်တယ် ဆိုရင်တော့ ဒီစာအုပ်ကို ရွေးချယ် ဖတ်ရှုကြည့်သင့်ပါတယ်။