ဥပေက္ခာစိမ်းနဲ့ အသည်းသိမ်းယူ

မြပုလဲခင်

800 Kyats ကျပ်
‘မေတ္တာအရေးအခင်းမှာ အစွဲအလမ်းကြီးလွန်းသူတို့သာလျှင် ရှုံးနိမ့်ရစမြဲ ဖြစ်တဲ့အတွက် အစွဲအလမ်း သိပ်မထားပါနဲ့လား နေနီ’ ဆိုတဲ့ … ဒွန်းဇန်။ ‘အချစ်ဆိုတဲ့ အရာဟာ လူကို ကျီစားတတ်လိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူး။ ကိုယ်က လိုက်လေလေ၊ သူက ပြေးလေလေပဲ လုပ်နေပြီး ကိုယ်က ဟိုက်ပြီး မလိုက်နိုင်ပြန်တော့ သူက ရုတ်တရက် ဆိုက်ရောက်လာပြန်တယ်’ ဆိုတဲ့ ... နေနီ။ ‘အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် သဒ္ဓါကြည်ဖြူမှ ဖြစ်ပေါ်လာတတ်တဲ့ အရာမျိုးပဲ။ တစ်ဖက်သတ် ဖြစ်မယ်ဆိုရင် တစ်ဖက်သတ် အချစ်နဲ့ပဲ အချစ်ဟာ မပီပြင်ဘဲ နှလုံးသားမှာ ငုပ်လျှိုးပြီး ပေးဆပ်ခြင်းနဲ့ပဲ ကျေနပ်နှစ်သိမ့်သွားရတဲ့ တစ်ဖက်သတ် အချစ်ရှုံးသမားတွေရဲ့ အရေအတွက်ဟာ ကိန်းဂဏန်းပေါင်း ဘယ်လောက်ရှိနေပြီလဲလို့ သိချင်လိုက်တာ’ ဆိုတဲ့ … မင်းသိမ်းပိုက်။ ဒီလို ဇာတ်ကောင်တွေရဲ့ အားပြိုင်မှု၊ အချစ်အမုန်း အရှုံးအနိုင်၊ ပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်းတွေကို ရင်ခုန်လှိုက်မောစွာ ခံစားရမယ့် အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။