အတၱနိဂံုး

မြပုလဲခင်

800 Kyats ကျပ်
ပြည်မြို့အနီး၊ တောရကျောင်းတစ်ကျောင်းမှာ တရားအားထုတ်နေသူ ဖခင်ကြီး မကျန်းမမာ ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့်၊ စိတ်ပူပန်စွာနဲ့ ဖခင်ဆီ ညတွင်းချင်း ထထွက်လာခဲ့တဲ့ ထူးအံ့ရှိန်ဟာ မိုးသည်းသည်း ညသန်းခေါင်မှာ ကားအက်ဆီးဒင့်န် ဖြစ်ပွားခဲ့ပါတယ်။ သူ သေလုမျောပါး ဖြစ်နေချိန်မှာ ကယ်တင်ရှင်တစ်ယောက် ရောက်လာပြီး ထူးအံ့ရှိန်ရဲ့ ငွေထုပ်နဲ့ လက်ဝတ်ရတနာတွေကို လက်နဲ့တောင်မတို့ဘဲ ဆေးရုံလိုက်ပို့ပေးခဲ့တယ်။ အဲ့ဒီ အမည်မသိ လူတစ်ယောက်ကြောင့် သေကံမရောက် သက်မပျောက်ဘဲ ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာခဲ့ရတယ်။ သူ နေကောင်းလာတဲ့ အချိန်မှာတော့ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့အတူ သူ့အတွက် ရေးပေးခဲ့တဲ့ စာလေးတစ်စောင်ကို ရရှိခဲ့တယ်။ အဲ့ဒီ စာအရ သူ လုပ်စရာ ရှိတာတွေ .... ပျောက်ဆုံးနေတဲ့ မိခင်နဲ့ ညီငယ်ကို ရှာဖွေဖို့၊ ဆေးရုံပို့ပေးပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တဲ့ သူ့အသက်သခင်ကို ကျေးဇူးဆပ်ဖို့၊ ပြီးတော့ … ဘယ်မိန်းမအတွက်နဲ့မှ ရင်မခုန်ခဲ့ဖူးတဲ့ သူ့နှလုံးသားကို မြင်မြင်ချင်း ဖမ်းစားညှို့ယူနိုင်ခဲ့တဲ့ ယမင်းရုပ်ကလေးရဲ့ အချစ်ကို ရှာဖွေဖို့ စတဲ့ ထူးအံ့ရှိန်ဆိုတဲ့ ငွေကလွဲလို့ ဘာကိုမှ အလေးအနက်မထားခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ ရှာပုံတော်။ လူတွေရဲ့ လောဘ၊ အတ္တ၊ မာနတရားတွေအကြောင်း၊ ပုံဖော်ရေးသားထားတဲ့ အချစ်ရသ ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ရှုခံစားကြည့်လိုက်ပါ။