သဒ္ဓါသက်နှင်း ကြည်ဖြူချစ်ခြင်း

မြပုလဲခင်

800 Kyats ကျပ်
‘နီးခြင်းက မမြင်၊ ဝေးခြင်းက ထင်သည်၊ မေ့သည်းရှင် သခင်ပိုင်ရင်း၊ သဒ္ဓါသက်နှင်း ကြည်ဖြူချစ်ခြင်း’ … တဲ့။ ဆရာမ မြပုလဲခင်ရဲ့ ရင်ခုန်ကြည်နူးစရာ ချစ်ခြင်းမေတ္တာဖွဲ့ ဝတ္ထုရှည်တစ်ပုဒ်က စာချစ်သူတို့ ရင်ကို ဘယ်လိုများ နေရာယူလေမလဲ။ ဒီဇာတ်လမ်းလေးထဲမှာ ခပ်ဆိုးဆိုးကောင်လေး လွန်းတို့အိမ်ကြီးဆီ ရောက်လာခဲ့တဲ့ (၅) နှစ်အရွယ် ကောင်မလေး ထားထားဆက်။ လွန်းက ထားထားဆက်ကို ငယ်ငယ်ကတည်းက နိုင်စားတဲ့သူ။ ကိုကိုလို့ လေးလေးစားစား ချစ်ချစ်ခင်ခင် ခေါ်ခဲ့ရတဲ့ ကိုကိုလွန်းဟာ အရွယ်ရောက်လာပြန်တော့လည်း တစ်မျိုးဆိုးပြန်ရဲ့။ ရည်းစားတွေ မှိုလိုပေါက်အောင်ထားပြီး ပွေရှုပ်နေတဲ့ ကိုကိုလွန်းဟာ သူ့ရဲ့ မွေးစားညီမလေး ထားထားဆက်ကိုတော့ ဘယ်သူမှ အထိမခံ၊ အငြိမခံပါဘူး။ ဒီလိုနဲ့ပေါ့ …