လွင်ပြင်ဝါ

မြပုလဲခင်

800 Kyats ကျပ်
သာယာလှပတဲ့ မြိုင်သာယာမြို့ကလေးမှာ တစ်ခါက သူငယ်ချင်းသုံးယောက် ရှိခဲ့ဖူးပါတယ်။ ဝမ်းကိုကို၊ ဇော်အောင်နဲ့ မာလာ ဆိုတဲ့ သူတို့ ငယ်သူငယ်ချင်း သုံးယောက်ဟာ မခွဲအတူ ပေါင်းဖော်ခဲ့ကြရင်း အရွယ်ရောက်လာတဲ့အခါမှာတော့ ဇော်အောင်က မာလာ့ညီမ သီတာနဲ့ လူငယ်သဘာဝ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့ အခါမှာတော့ ဝမ်းကိုကိုနဲ့ မာလာတို့ အောင်မြင်ခဲ့ကြပေမဲ့ ဇော်အောင်ကတော့ ကျသွားခဲ့ပြီး ဘဝ အခြေအနေတွေ ပြောင်းလဲခဲ့တယ်။ လောင်းကစားလုပ်၊ ရန်ဖြစ်၊ သောက်စားတတ်လာတဲ့ ဇော်အောင်တစ်ယောက် သီတာနဲ့ နီးစပ်ဖို့ အရေးက ပိုလို့ ဝေးခဲ့တော့တာပေါ့။ ဒီအချိန်မှာ ဒုရဲအုပ်ဖြစ်နေပြီ ဖြစ်တဲ့ ဝမ်းကိုကိုနဲ့ မာလာတို့က ရင်ခုန်သံ ညီမျှလို့ လက်ထပ်ပွဲ ဆင်နွှဲတဲ့နေ့မှာ ဇော်အောင်နဲ့ သီတာတို့ကလည်း ခိုးပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ချိန်းတဲ့ညမှာ သီတာ့အစား စာတစ်စောင်ကိုသာ ဇော်အောင်တစ်ယောက် ရရှိခဲ့တဲ့နောက် … မြို့ကလေးကနေ ဇော်အောင်တစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ ဝမ်းကိုကိုနဲ့ မာလာတို့မှာ သံစဉ်နွေးဆိုတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်လာတဲ့ အချိန်၊ သမီးလေး ကျောင်းနေအရွယ် ဖြစ်လာတဲ့ တစ်နေ့မှာ နှစ်ပေါင်းများစွာ ပျောက်သွားခဲ့တဲ့ ဇော်အောင်တစ်ယောက် မြို့ကလေးဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့အခါ … ဆရာမ မြပုလဲခင်ရဲ့ လွင်ပြင်ဝါ အချစ်လုံးချင်း ဝတ္ထုရှည်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေး၊ ရသစုံလင်စွာနဲ့ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။