ရင်ခွင်ပျောက်သူအနွမ်း

မြပုလဲခင်

800 Kyats ကျပ်
‘နှလုံးသားကို ချုပ်နှောင်ထားရခြင်းထက် ပင်ပန်းဆင်းရဲသော အရာ လောက၌ မရှိနိုင်ကြောင်းကို ကိုယ်တွေ့ခံစားသိမြင် နားလည်လိုက်ရပြီးသည့် နောက်ကွယ်၌ …’ တဲ့။ ဒါက ဒီဝတ္ထုရဲ့ နိဒါန်းအဖွင့်၊ ဇာတ်ကြောင်းနောက်ခံ ဖွင့်ဆိုချက်။ ပန်းချီဆရာမလေး လမင်းခင်၊ အစ်မဖြစ်တဲ့ နေမင်းခင်နဲ့ ဒေါက်တာမိုးညိုတို့ရဲ့ ပတ်သက်ဆက်စပ်မှုတွေနဲ့အတူ ကြည်နူးဆွတ်ပျံ့စရာ အချစ်ပုံပြင်လေးကို ဆရာမက သိမ်သိမ်မွေ့မွေ့ ခံစားရစေအောင် ပုံဖော်ထားပါတယ်။ ‘‘ဟုတ်ပါတယ် ကိုယ့်ရဲ့ လမင်းရယ် … နှလုံးသားဆိုတာ ရောင်းကုန်ပစ္စည်းမှ မဟုတ်ဘဲ၊ တစ်ဦးတည်း မူပိုင်အတွက် ရင်ထဲမှ နောက်ဆုံး ထွက်သက်အထိ ရှိသွားလေ့ရှိတဲ့ အရာပေပဲကွယ်’’ ဆိုတဲ့ ဒေါက်တာမိုးညိုရဲ့ မေတ္တာအင်အားဟာ လမင်းခင်အတွက် ဘယ်လောက်အထိ ကြီးမားလေသလဲ။ တော်ရုံယောက်ျား ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးကို ကျူးလွန်ခဲ့တဲ့ လမင်းခင်ကို ဒေါက်တာက ခွင့်လွှတ်နိုင်ပါ့မလား ဆိုတာ …