ရင္ခတ္သစၥာ

မြပုလဲခင်

800 Kyats ကျပ်
အေးချမ်းတဲ့ တရားဓမ္မနဲ့ ပျော်ဝင်သူတို့ရဲ့ ထိန်းကျောင်းပဲ့ပြင်ခြင်းနဲ့ ဘဝကို ဖြတ်သန်းရင်းမှ ၁၈ နှစ်ဆိုတဲ့ နုနုနယ်နယ် အရွယ်မှာပဲ “နိုး” ဆိုတဲ့ ကောင်မလေးတစ်ယောက်ဘဝဟာ ခမ်းနားကြီးကျယ် ပြည့်စုံကြွယ်ဝမှုတွေကို မြင်သိလိုက်ရတယ်။ ဒါပေမဲ့ နိုးဟာ စိတ်ကူးယဉ်အိမ်မက်ထဲမှာ ပျော်မွေ့တတ်သူ မဟုတ်ပါဘူး။ လောကကြီးကို လက်တွေ့ကျကျမြင်တတ်တဲ့ နိုးရဲ့ ရည်ရွယ်ချက်က သူနဲ့ဘဝတူ မိဘမဲ့ ကလေးငယ်တွေအတွက် သူ့လုပ်အားနဲ့ ကူညီထောက်ပံ့ဖို့၊ သူ့ဘဝ အနာဂတ်ကို မိဘမဲ့ ကလေးတွေအတွက် ဖြည့်စွမ်း အသက်ရှင်ဖို့ပါ။ အချစ်ဆိုတာကလည်း ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အရာလေ။ မလိုဘူးလို့ ထင်နေချိန်မှာ အတင်းဓမ္မတိုးဝင်လာ တတ်ပြီး၊ ခံစားထိတွေ့မိချိန်မှာတော့ ရှောင်ဖယ်ပြေးတတ်တာမျိုး မဟုတ်လား။ ယောက်ျားကောင်းဆိုတာ အသက်အရွယ်မရွေး တည်ကြည်ခန့်ထည်တဲ့ စိတ်ထားနဲ့ ဘဝကို ဖြတ်သန်းတဲ့သူမျိုးတွေပါ။ အဲဒီလိုပဲ အချစ်ဆိုတာကလည်း ဘယ်လိုအသက်အရွယ်မရွေး ယောက်ျားကောင်းတစ်ယောက် ဆိုပြီးတော့ လျစ်လျူပြု ချန်ထားတတ်တာမျိုးမှ မဟုတ်တာ။ ဒီတော့ အချစ်နဲ့တွေ့ကြုံမိတဲ့အခါ တည်ြ့ကည်ခန့်ထည်ပါတယ်ဆိုတဲ့ ယောက်ျားကောင်းတွေရဲ့ နှလုံးသားထောင့်တစ်နေရာကနေ ပေါ်ပေါက်လာမှာပဲလေ။