တစ်မိုးအောက်မှာ

မြပုလဲခင်

800 Kyats ကျပ်
ရောင်နီ အထူးကုဆေးခန်းမှာ ဆေးခန်းထိုင်ဖို့ ရောက်ရှိလာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်အထူးကုသမားတော်ကြီး ဒေါက်တာနေရောင်တစ်ယောက် ဂျူတီချိန်မစခင် ကော်ဖီသောက်ရင်း ပြတင်းတံခါးအပြင်ဘက် ငေးကြည့်နေတုန်း ဆေးခန်းဆီ ဦးတည်လျှောက်လာတဲ့ ပုံရိပ်လေးတစ်ခုကို လှမ်းမြင်လိုက်ရတယ်။ ဒေါက်တာနေရောင်ရဲ့ ရင်ထဲ အမျိုးအမည်မသိ ခံစားမှုတွေနဲ့ ငေးနေမိတယ်။ ဒီပုံရိပ်လေးက သူနဲ့ ရင်းနှီးပြီးသား ပုံရိပ်လေး။ ဟိုး လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက တရင်းတနှီး ရှိခဲ့ပြီးသား ပုံရိပ်လေး။ ဘာတစ်ခုမှ မပြောင်းလဲသေးတဲ့ ပုံရိပ်လေး။ လွန်ခဲ့တဲ့ (၁၀) နှစ်။ ရန်ကုန်ဆေးရုံကြီးမှာ ဒေါက်တာနေရောင် ဟောက်စ်ဆာဂျင်အဖြစ် တာဝန်ကျစဉ်က သူနာပြုကျောင်းဆင်းပြီးစ ဆရာမလေး ရွက်လှပန်းနဲ့ စတင်ဆုံတွေ့ခဲ့ပုံတွေ သူ့အာရုံထဲ နေရာယူပြန်တယ်။ ပါးချိုင့်လေးလို့ စခေါ်ခဲ့ရာက နောက်ပိုင်း ချိုင့်လေး ဆိုတဲ့ အခေါ်အဝေါ်နဲ့ ရင်းနှီးခဲ့ရသူ။ အခြေအနေချင်း မိုးနဲ့မြေလို ကွာခြားခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေက ကံတရားရဲ့ လှည့်စားမှုကြောင့် တစ်နယ်စီ ဝေးကွာခဲ့ပေမဲ့ ကံတရားကပဲ သူတို့ကို ပြန်လည်ဆုံတွေ့စေပြန်ပါပြီ။ (၁၀) နှစ်လောက် ကြာမှ ပြန်လည်ဆုံတွေ့ကြတဲ့ သူတို့နှစ်ယောက်ကို ကံတရားက ဘယ်လို ဇာတ်လမ်းဆက်စေဦးမလဲ ဆိုတာကတော့ … ။