ညှို့ငင်တတ်သော

မြပုလဲခင်

800 Kyats ကျပ်
မိန်းကလေးတန်မဲ့ အရပ်မြင့်မြင့်၊ ဝဖိုင့်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် … ဒါ့အပြင် မျက်ခုံးပေါ်မှာလည်း အမာရွတ်တချို့နဲ့ … အကျည်းတန်တဲ့ မိန်းကလေး။ လူတကာရဲ့ အစအနောက်ခံ အကဲ့ရဲ့ခံ ဘဝနဲ့ ဖြတ်သန်းလာရတဲ့ ကျောင်းတက်ရက်စွဲတွေ။ ဒီမိန်းကလေးရဲ့ နာမည်က လှဖုရား။ နာမည်လှလှလေးနဲ့ မလိုက်ဖက်တဲ့ ရုပ်ရည်ကိုယ်ဟန်ကြောင့် အမြဲတမ်း စိတ်ဆင်းရဲပြီး ခိုးခိုးငိုနေရရှာတဲ့ ဒီကောင်မလေးရဲ့ စိတ်မချမ်းမြေ့စရာ ကျောင်းတက်ရက်စွဲတွေထဲက တစ်ရက်မှာတော့ … ချောမောခန့်ငြားပြီး သွက်လက်ထက်မြက်တဲ့ ကျောင်းသားသစ်တစ်ဦး ရောက်ရှိလာခဲ့တယ်။ သူ့နာမည်က ဖန်ဆင်းရဲ။ တစ်ဖက်မှာလည်း အလှပန်းခြွေဆိုတဲ့ နာမည်နဲ့လိုက်ဖက်စွာ လှပချောမောပြီး အောင်မြင်တဲ့ အဆိုတော်မလေးနဲ့ အကျည်းတန်မလေး လှဖုရားအကြား ဖန်ဆင်းရဲတစ်ယောက် ဘယ်လို နှစ်ပါးသွားလေမလဲ။ လှဖုရားရဲ့ ညှို့တေးသံက ဘယ်အရာဖြစ်ပြီး ဘယ်လောက်ထိ ဆွဲဆောင်အား ပြင်းလေမလဲ။ ဆရာမ သျှင်မရဲ့ ရင်ခုန်ဆွဲဆောင်နိုင်စွမ်း အားကောင်းလှတဲ့ အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်တွေက စာဖတ်သူကို ဝတ္ထု အစကနေ အဆုံးတိုင် ဆွဲခေါ်သွားမှာပါ။