ဆူးရစ်ပိုးအိမ်

မြပုလဲခင်

800 Kyats ကျပ်
ငြိမ့်ငြိမ့်ကလေးနဲ့ ဖြည်းဖြည်းချင်း ရင်ခုန် စိတ်လှုပ်ရှားလာစေမယ့် ဇာတ်လမ်းမျိုးကို ဖတ်ချင်တယ် ဆိုရင် ဒီဝတ္ထုကို မြည်းစမ်းကြည့်ပါလို့ ပြောချင်ပါတယ်။ ဂျစ်ကန်ကန် ရှုတည်တည်နဲ့ စကားကို လေးလုံးကွဲအောင် မပြောတတ်သူ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေတဲ့ ‘ဓနကြိုင်သျှမ်း’ (ဓန) ဟာ၊ သူ တခါမှ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် ထင်မထားခဲ့တဲ့ ‘သျှင်ငြိမ်း’ ဆိုတဲ့ ကောင်မလေးဆီကို မြားဦးလှည့်လာတဲ့ အကြောင်းပါ။ သာမန်ဆို မထူးဆန်းပေမယ့်၊ ဓနဟာ ကား ထည်လဲ စီးနိုင်တဲ့သူ ဖြစ်ပြီး သိပ်ကို ဟော့ဖြစ်တဲ့ သူတစ်ယောက်က သျှင်ငြိမ်းလို ရူပကာ အားနည်းချက် ရှိတဲ့ မိန်းကလေးကို ချဉ်းကပ်ဖို့ ရည်ရွယ်လာတယ် ဆိုတော့ သျှင်ငြိမ်းရဲ့ သူငယ်ချင်း ‘မယ်ပိုး’ က အံ့သြလို့ မဆုံး။ အသွင် မတူပေမယ့် စာဖတ်ဝါသနာကြောင့် လက်တွဲဖြစ်ကြတဲ့ မယ်ပိုးနဲ့ သျှင်ငြိမ်းတို့ သူငယ်ချင်း နှစ်ဦးဆီကို ဓနက ချဉ်းကပ်လာတဲ့အခါ လက်ကမချချင်အောင် ဖတ်ရမယ့် ဇာတ်လမ်းတပုဒ် ပေါ်ပေါက်လာပါတော့တယ်။