ငယ်ကျွမ်းစေတမန်

မြပုလဲခင်

800 Kyats ကျပ်
❤ သူ့နာမည်က ခိုင်စစ်။ ခိုင်စစ်က မိတဆိုးလေးပေမယ့် သူ့ကိုအရမ်းချစ်တဲ့ အဖေ၊ အစ်ကိုနဲ့ အစ်မရှိလို့ သူ့ဘဝက သာယာတယ်။ ငွေကြေးမချမ်းသာပေမယ့် စိတ်ချမ်းသာတယ်။ ခိုင်စစ် လေးတန်းနှစ်ရောက်တော့ မိသားစုလိုက်ကြီး ရွာကနေ သာယာကုန်းမြို့ပေါ်ကို ပြောင်းရတယ်။ ❤ သာယာကုန်းကို မပြောင်းခင်အထိ သာယာခဲ့တဲ့ ခိုင်စစ်ဘဝက သာယာကုန်းရောက်မှ ပြောင်းလဲလာတယ်။ ဘိုမလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ။ ခိုင်စစ်တို့ မိသားစုနဲ့ ချမ်းသာတဲ့ ဘိုမလေးတို့ကြားမှာ ဘယ်လို အဖြစ်အပျက်တွေ ပေါ်ပေါက်လာမလဲ ? စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မို့ တင်ဆက်လိုက်ပါတယ်