နှလုံးသားပုံရိပ်ရှင်

မြနန်းရှင်

600 Kyats ကျပ်
>> ' ဘေဘီဒေါလ်' (ခေါ်) 'မဟာနွယ်ဇင်'။ မြန်မာသွေးဆိုပေမယ့် မွေးကတည်းက နိုင်ငံရပ်ခြားမှာ နေခဲ့ရတာ။ အခုလည်း အလုပ်ကိစ္စနဲ့ ရန်ကုန်ကိုရောက်လာတယ်။ အလုပ်ကိစ္စဆိုပေမဲ့လည်း၊ သူမတစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့၊ စိတ်ထဲမှာစွဲထင်နေသူ လူတစ်ယောက်ကို ရှာချင်လို့ လာခဲ့တာလည်း ပါတာပေါ့။ အဲဒီလူကိုခက်ခက်ခဲခဲ ရှာရမယ်လို့ထင်ထားခဲ့တယ်။ တကယ်တမ်း အဲဒီလို ဖြစ်မလာပါဘူးလေ။ >> သူ့ စိတ်အာရုံထဲမှာ စွဲထင်နေသူရဲ့ နာမည်က ‘နေနိုင်အောင်’ တဲ့။ သူကလည်း ‘မဟာနွယ်ဇင်’ ကို အရင်တုန်းကလည်း မြင်ဖူးနေသလို ခံစားနေရတယ်။ ဘာဖြစ်လို့လဲ … သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေခဲ့တာလဲ၊ ကောင်းသောဆက်နွယ်ခြင်းလား၊ ဆိုးသောဆက်နွယ်ခြင်းလား။ ဂမ္ဘီရဆန်ကြယ် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်မို့ ဖတ်ကြည့်ပါဦးဗျာ။