ကြုံရဆုံရ ပုဏ္ဏကဘီလူးနှင့် ဆန်းကြယ်ဖြစ်ရပ်မှန်များ

မြနန်းရှင်

500 Kyats ကျပ်
ကမ္ဘာလောကထဲမှာ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ ရှိနေတယ် ဆိုတာတော့ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ကိုယ်မမြင်ရတိုင်း မရှိဘူး၊ မဖြစ်နိုင်ဘူးလို့ တစ်ဖက်သတ်အမြင်နဲ့ ဝေဖန်ပုတ်ခတ်လို့ မရတဲ့ ကိစ္စရပ်တွေ အများကြီး ရှိပါတယ်။ ဆရာမ မြနန်းရှင်ရဲ့ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေက ဆရာမကိုယ်တိုင် ကြုံဆုံခဲ့တဲ့ ထူးထူးခြားခြား အဖြစ်အပျက်တွေရော၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားသိခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကိုပါ ပြန်လည်ရေးသားထားတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ … ပြုခဲ့သူထံ ပေးဆပ်ကလဲ့စား၊ သံသရာစက်ဝန်းထဲမှာ၊ လူခြောက်ကလေး၊ ပဲခူးမယ်တော် ကိုယ်ထင်ပြ၍ စောင့်ရှောက်ခြင်းခံဖူးသူ၊ ကြုံရဆုံရ ပုဏ္ဏကဘီလူး၊ ဟော်နန်းစံအိမ်တော်၏ ကျိန်စာဝဋ်ကြွေး၊ မမြင်အပ်သော လောကမှ အပေးအယူ၊ သိုက်ပဝါတန်ခိုးနှင့် ဆံတော်ရှင်အစစ် ဖူးခွင့်ရသူ၊ အတိတ်ဘဝမှ သင်္ချိုင်းမြေပုံ ပြန်မြင်သောအခါ၊ ဘဝခြားလည်း သူငယ်ချင်းအနီးမှာ၊ ကိုယ်ပစ်သည့်မြား ကိုယ့်ထံပြန်လာ မိစ္ဆာပညာ၊ စတဲ့ ဆန်းကြယ်ဖြစ်ရပ်မှန် ဝတ္ထုတိုတွေကို စိတ်ဝင်တစား ဖတ်ရှုကြရမှာပါ။