မြတ်နိုးရင်ထူး

မြတ်နိုးရှင်း

600 Kyats ကျပ်
ရန်ကုန်မြို့ကြီးမှာ ကိုယ်စီကိုယ်စီ ရုန်းကန်လှုပ်ရှားနေကြတဲ့ အောက်ခြေလူတန်းစား ဘဝသမားတွေရဲ့ ရင်ခုန်သံနဲ့ လူငယ်တွေရဲ့ ချစ်ခြင်း၊ လူငယ်တွေရဲ့ ခွန်အားကို လှလှပပ ရေးဖွဲ့ပုံဖော်ထားတဲ့ အချစ်ဝတ္ထုရှည်တစ်ပုဒ်။ ရန်ကုန်မြို့ရဲ့ အဆောင်တစ်ဆောင်မှာ နေထိုင်ရင်း သင်တန်းတက်၊ အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ တောရွာတစ်ရွာက မောင်မြတ်နိုးဆိုတဲ့ ကောင်လေးတစ်ယောက်။ လူပုံ ဖြူဖြူနွဲ့နွဲ့၊ မိန်းမချောချောတာမို့ ပန်းရံအလုပ် လျှောက်တာတောင်၊ ဘယ်အလုပ်ရှင်မှ လက်မခံတဲ့အတွက် မိန်းမလျာအဖြစ် ဟန်ဆောင်ပြီး ရှောက်သီးဆေးပြားရောင်းလို့ ပရိယေသန ဝမ်းစာကို ဖြည့်တင်းနေရတဲ့ ကျော်စွာဆိုတဲ့ ချာတိတ်။ ရိုးသား ကြိုးစားပြီး ပိုက်ဆံရှာဖွေရင်း ရွာကို လွမ်းနေတဲ့ ပဲပြုတ်သည်မလေး မရင်ထူး။ သူတို့ သူတို့တွေ … ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ဆုံတွေ့ရင်းနှီးပြီးတဲ့နောက် … ကြည်နူးစရာ၊ အားကျစရာ၊ အတုယူစရာ၊ ရင်ခုန်စရာ၊ စိတ်ချမ်းမြေ့စရာ အဖြစ်အပျက်တွေနဲ့အတူ သူတို့ရဲ့ ဇာတ်လမ်းကိုယ်စီကို ခံစားဖတ်ရှုကြည့်ကြပါစို့ စာချစ်သူတို့ရေ။