လော်ဝေါ်ရိုးရာယဉ်ကျေးမှုဓလေ့များ

မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)

600 Kyats ကျပ်
စာရေးသူ တာဝန်ထမ်းဆောင်ရာဌာန၊ နေထိုင်ရာပတ်ဝန်း ကျင်သည် လော်ဝေါ်တိုင်းရင်းများသာ များပြားနေရာ ၎င်းတို့နှင့်ဆက်ဆံမှုပြုရသည်က ပိုများသော ကြောင့်ဖြစ်သည်။ ထိုသို့ ဆက်ဆံမှုများပြားလာသောအခါ ၎င်းတို့၏အသံအောအောလေးများဖြင့် ပြောဆိုသော စကားသံများသည်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများသည်လည်းကောင်း၊ စာရေးသူ အတွက် အမှတ်ရစရာ ဖြစ်လာခဲ့သည်။ ၎င်းပြင် လော်ဝေါ်များသည် ရှေးဦးမြန်မာအုပ်စုဝင်များ ဖြစ်ရာ ၎င်းတို့၏ ရုပ်လက္ခဏာ၊ ပြောဆိုသော ဘာသာစကား၊ မျိုးနွယ်စု ဆင်းသက်လာမှုများမှာ လည်း ဗမာများနှင့် နီးစပ်မှုရှိနေသည်ကို မြန်မာ့သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရသည်။ ထို့ကြောင့်လည်း လော်ဝေါ်သွေးချင်းများ၏ မျိုးနွယ်စုများအကြောင်းကို စာရေးသူ စိတ်ဝင်စားမိ၊ အလေးအနက်ထားမိရာမှ လေ့လာလိုစိတ် ဖြစ်ပေါ်ခဲ့သည်။ လော်ဝေါ်သွေးချင်းများ၏ မျိုးနွယ်စုများအကြောင်းကို လေ့လာသည့်အခါ သက်ကြီးရွယ်အို များကိုသာ အားကိုးအားထားပြုရသည်။ သို့ဖြစ်၍ လော်ဝေါ်မျိုးနွယ်စုတို့၏ သမိုင်းမှာ လော်ဝေါ် တိုင်းရင်းသား အဘိုးအဘွားများ၏ အကြားအမြင် ဗဟုသုတများပေါ်တွင် အခြေခံလျက်ရှိသည်။ လော်ဝေါ်များသည် မိမိတို့မျိုးနွယ်စုဆင်းသက်လာပုံကို ဘိုးဘွားအစဉ်အဆက် နှုတ်တိုက်သမိုင်း (သို့မဟုတ်) ပါးစပ်ရာဇဝင်ဖြင့် မှတ်သားလာခဲ့ကြသည်မှာ အံ့ဩဖွယ်ဖြစ်ပေသည်။ မိမိတို့မျိုးနွယ် များ ဆင်းသက်လာပုံ၊ မိသားစုဖွဲ့စည်းနေထိုင်ပုံ၊ ဆွေမျိုးတော်စပ်ပုံ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာ တူရိယာများ၊ ရိုးရာတေးသီချင်းများ၊ ရိုးရာအကများ၊ ရိုးရာပွဲတော်များနှင့် အသက်မွေးဝမ်းကျောင်း ပြုပုံများသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။