မာယာတောမှ တဏှာကျောသို့ လျှို့ဝှက်သည်းဖို ဝတ္ထုတို

ဖြိုးသစ္စာ

200 Kyats ကျပ်
"အချစ်နဲ့ စတင်တည်ဆောက်ထားတဲ့ ဟောဒီနှလုံးသား စံအိမ်ကြီးထဲမှာ မင်းမပျော်မွေ့တော့လေရော့သလား။ သို့တည်းမဟုတ်၊ မင်းကျင်လည်း ကျက်စားရာ လိုသုံးအိမ်ဂေဟာကြီး တစ်ခုလို့ပဲ သတ်မှတ်ထားလေ ရော့သလား။ ဟူး… မသိတော့ပါဘူးလေ၊ ငါကပဲမရင့်ကျက်သေးတာလည်း၊ မင်းကပဲ ကျွမ်းကျင်လိမ္မာလွန်းနေ သည်လားကိုတော့" (သူရိန်) "လွတ်လပ်မှုမရှိတဲ့ အိမ်ထောင်ဆိုတဲ့ လှောင်အိမ်ကြီးထဲမှာပဲ နေနေရတာ ပျင်းလှပြီးကိုသူရိန်၊ လူတစ်ကိုယ် စိတ်တစ်မျိုးရှိတဲ့အတွက်၊ လွတ်လပ်စွာနဲ့ အသက်ရှင်နေထိုင်သွားချင်သေးတယ်" (လှိုင်ထိပ်ထား) "သူငယ်ချင်း သံယောဇဉ်ကို မငဲ့ကွက် မထောက်ထားလို့ မဟုတ်ခဲ့ပါဘူး။ ဒုက္ခရောက်နေချိန်မှာတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းမို့ ငါ့ကိုနားလည်ခွင့်လွှတ်ပေးပါ သူရိန်ရယ်" (အေးသီတာ) ရင်ထဲထိ၊ ငြိလောက်တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုမှ ဖတ်ချင်တယ်ဆိုရင်တော့ အားလပ်ရက်မှာ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော် !