ဖူးစာအကြောင်း လာမပြောနဲ့

ပြည့်ပိုင်မှူးအိမ်

600 Kyats ကျပ်
ဖူးစာဆိုတာ ခန့်မှန်းရခက်ခက်ရယ်နော်။ ခန့်မှန်းရခက်တဲ့ ဖူးစာအကြောင်းကိုမှ ဟာသလေးနှောပြီး ရေးထားအချစ်ဝတ္ထုဆိုရင် ဖတ်ချင်ကြမယ်ထင်တယ်။ ဒီဝတ္ထုက စလာကတည်းက ရယ်ရတာဗျ။ တိုးမောင်က အိမ်ကို မိန်းမခိုးလာသတဲ့။ အဖေနဲ့ အမေက စိတ်ဆိုးမယ်ကြံပေမယ့် နောက်ပိုင်းတော့ ဘယ်တတ်နိုင်မတုန်း၊ ပေးစားရတော့မှာပေါ့လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ သူတို့သားတိုးမောင် ခိုးလာတဲ့ နုနုဆိုတဲ့ အမျိုးသမီးက သူတို့ထက်တောင် အသက်ကြီးနေတဲ့သူ ဖြစ်နေတယ်လေ။ စဖတ်လိုက်တာနဲ့ ခွီနေရတာမျိုးပါ။ တိုးမောင်နဲ့ သူ့မိဘတွေ၊ မိဘတွေထက်တောင် အသက်ကြီးနေတဲ့ တိုးမောင်ခိုးလာတဲ့သူ။ ကဲ !