သင့်ကြောင့် သရဲ စိတ်မညစ်ပါစေနှင့်

ပြည့်ပိုင်မှူးအိမ်

600 Kyats ကျပ်
စာချစ်သူတွေထဲမှာ ပရလောကနောက်ခံ ဝတ္ထုဇာတ်လမ်းမျိုးတွေ ကြိုက်နှစ်သက်တဲ့သူတွေ ရှိမယ်ထင်ပါတယ်။ အဲ ... သရဲဇာတ်လမ်းထဲမှာမှ ကြောက်လန့်သွေးပျက်စရာ၊ တုန်လှုပ်ရင်မောစရာ၊ ထိတ်လန့်ကျောချမ်းစရာ သရဲဝတ္ထုမျိုး မဖတ်ချင်ဘဲ ရယ်စရာ ပျော်စရာ သရဲဟာသဝတ္ထုမျိုးလေးကို အပြောင်းအလဲအဖြစ် ဖတ်ချင်တဲ့သူတွေအတွက်တော့ ဆရာပြည့်ပိုင်မှူးအိမ်ရဲ့ စာအုပ်သစ်လေး ရှိပါတယ်။ ဒီစာအုပ်က ဆရာပြည့်ပိုင်မှူးအိမ်ရဲ့ (၄၂) အုပ်မြောက် လက်ရာလေးပါပဲ။ ဆရာပြည့်ပိုင်မှူးအိမ်က ပုံမှန်ရေးနေကျ လူငယ်ရင်ခုန်သံ ပေါ့ပေါ့ပါးပါး အချစ်ဖန်စီဝတ္ထုတွေထဲက ခွဲထွက်ပြီး (၄၂) အုပ်မြောက် စာအုပ်ကို သရဲအကြောင်း အပြောင်းအလဲဖြစ်အောင် ရေးထားပါတယ်။ သရဲဆိုပေမယ့် ဆရာပြည့် ရေးထားတဲ့ သရဲက သရဲဟာသ ဖြစ်ပါတယ်။ စိတ်ကူးယဉ် သရဲဟာသ ဇာတ်လမ်းလေးမို့ လက်တွေ့ဘဝမှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ စံနှုန်းတွေနဲ့ ချိန်ထိုးမကြည့်ဘဲ ဟာသရသအနေနဲ့ ခံစားကြမယ် ဆိုရင် အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး စိတ်လက်ပေါ့ပါးစေမယ့် ဇာတ်လမ်းမျိုးလေးပါ ခင်ဗျ။