အချစ်ကို အချစ်နဲ့ပေါင်းရင်…ဖြစ်တယ်

ပြည့်ပိုင်မှူးအိမ်

600 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာပြည့်ပိုင်မှူးအိမ်ရဲ့ (၂၅) အုပ်မြောက် အထူးထုတ် လက်ရာလေးပဲ ဖြစ်ပါတယ်။ ဆရာပြည့်ပိုင်မှူးအိမ်ရဲ့ လူငယ်ဆန်ဆန် အတွေး၊ ပေါ့ပါးပြေပြစ်တဲ့ ဝါကျတည်ဆောက်ပုံ၊ သွက်လက်တဲ့ အရေးအသားနဲ့ ရယ်စရာ ပြုံးစရာ၊ လွမ်းစရာ မောစရာ၊ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းဇာတ်ကွက်တွေက စာချစ်သူတို့အတွက် ပင်ပန်းသမျှ ရွှင်လန်းရစေမှာပါ။ အချစ်ကို အချစ်နဲ့ပေါင်းရင် ... ဖြစ်တယ် ဆိုတဲ့ ဒီစာအုပ်လေးက လူငယ်ရင်ခုန်သံ အချစ်ဇာတ်မြူးလေးပါပဲ။ 'အချစ်ဆိုတာ လျှို့ဝှက်ထားစရာ မလိုတော့ရင်၊ ရင်ခုန်စရာလည်း မကောင်းတော့ဘူး' ဆိုတဲ့ အချစ်ဒဿနလေးနဲ့ နိဒါန်းပျိုးထားလေရဲ့။ ပြီးတော့ ဟိုဘက်ခြံက ကောင်မလေးနဲ့ ဒီဘက်ခြံက ကောင်ကလေးတို့ရဲ့ ရင်ခုန်စရာလေးတွေကလည်း ဖတ်ရင်း ဖတ်ရင်း ကိုယ်ပါ ရင်ခုန်လာစေတာမျိုးဗျ။ ကြည့်ဦး ... ခွေးတွေကြောင်တွေကို မုန်းတဲ့ ကောင်လေးရဲ့ ဘေးချင်းကပ်ခြံကို ပြောင်းလာတာက ခွေးအုပ်စု၊ ကြောင်အုပ်စုတွေ တပြုံတမမွေးထားတဲ့ မိသားစု။ အိမ်အစား တိရစ္ဆာန်ရုံ ပြောင်းဖွင့်ရင်တောင် ဒီလောက် ဆူညံမှာ မဟုတ်ဘူးလို့ ကောင်လေးက ထင်တယ်။ ဒီ ခွေးတွေ ကြောင်တွေကြောင့်ပဲ ဇာတ်လမ်းစတယ်လို့ ဆိုရမှာပေါ့ဗျာ။ ခွေးတွေကြောင်တွေကြားက အချစ်ဇာတ်လမ်းလေးဟာ ဘယ်လို ရင်ခုန်စရာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ စာချစ်သူတို့ ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ပါနော်။