ပြင်ဦးလွင်မှာခြောက်တဲ့ည

နွေရွက်လွှာ

200 Kyats ကျပ်
နွေက မန္တလေးအခြေစိုက် ကုမ္ပဏီတစ်ခုရဲ့ Marketing ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက်။ တစ်ရက်မှာ HR က နွေ့ကို လာပြောတယ်။ ရန်ကုန် Marketing အဖွဲ့နဲ့အတူ ပြင်ဦးလွင်ကို လိုက်သွားရမယ်၊ ရုံးခွဲအတွက် ကိုယ်စားပြု တာဝန်ယူရမယ်လို့ ဆိုတာကြောင့် နွေ စိတ်ညစ်သွားတယ်။ ဒါပေမဲ့ Marketing အဖွဲ့ရဲ့ ခေါင်းဆောင်လည်း နွေနဲ့အတူ လိုက်ပေးမယ်လို့ ဝင်ပြောတာကြောင့် နွေ စိတ်နည်းနည်းအေးသွားရတယ်။ ပြင်ဦးလွင်ရောက်လို့ အလုပ်ကိစ္စတွေ ဆောင်ရွက်ပြီး တည်းခိုရမယ့် အိမ်ကြီးဆီ ရောက်တဲ့ည၊ နွေတို့နှစ်ယောက် ဘယ်လို သရဲအခြောက်ခံရမလဲ၊ ဒီလို သရဲခြောက်တဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်လို စိတ်အစွဲတွေ၊ လှည့်စားချက်တွေ ဖြစ်လာမလဲဆိုတာတော့၊ ဆရာမ နွေရွက်လွှာရဲ့ ‘ပြင်ဦးလွင်မှာ ခြောက်တဲ့ည’ ဝတ္ထုလေးမှာ ဆက်လက်ဖတ်ရှုခံစားကြည့်ပါနော်။