စွဲလမ်းမှု ကကြိုး

နွေရွက်လွှာ

200 Kyats ကျပ်
ခြူးအိမ့်နဲ့ ရတီဆိုတာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခင်ကြတဲ့ သူငယ်ချင်းမလေး နှစ်ယောက်ပါ။ တစ်ယောက်အခက်အခဲရှိရင်၊ တိုင်ပင်စရာ ရှိရင်၊ ပြဿနာတွေကို အချင်းချင်း ရင်ဖွင့်လေ့ရှိတယ်။ ကျောင်းဆောင်ဟောင်းရဲ့ အပေါ်ထပ်တစ်နေရာမှာပေါ့။ ရတီ့မှာက ချစ်သူ ရှိတယ်။ လက်ထပ်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ခြူးအိမ့် သိတယ်။ အဲဒီတစ်ညမှာ ရတီက ခြူးအိမ့်ကို တိုင်ပင်စရာရှိတယ်ဆိုပြီး ဆုံနေကျ ကျောင်းဆောင်ဟောင်း အပေါ်ထပ်ဆီ ခေါ်လာတယ်။ ရတီ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့။ ချစ်သူကလည်း တာဝန်မယူဘူးတဲ့။ ရတီဟာ ဝမ်းနည်းပက်လက် ငိုရှိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်လို့ ပြောတာနဲ့ ခြူးအိမ့်က တားတယ်။ ဒါပေမဲ့ ရတီဟာ ခြူးအိမ့်ကို ‘ငါနဲ့အတူ သေပေးပါ’ ဆိုပြီး လက်ကိုဆွဲလို့ ကျောင်းဆောင်ဟောင်းအပေါ်ထပ်ကနေ ခုန်ချလိုက်တယ်။ ဒါဟာ ခြူးအိမ့်မက်ခဲ့တဲ့ အိပ်မက်ဆိုးတစ်ခုပဲ။ အိပ်မက်ဆိုပေမဲ့ နောက်တစ်နေ့မနက် ခြူးအိမ့်နိုးလာချိန်မှာတော့ ထိတ်လန့်ချောက်ချားစရာ သတင်းဆိုးတစ်ခုက မနက်ခင်းနဲ့အတူ ခြူးအိမ့်ကို ဆီးကြိုနေခဲ့ပါတော့တယ်။ အဲဒါကတော့ …