ချစ်သူ့ဝိညာဉ်

နွေရွက်လွှာ

600 Kyats ကျပ်
စချောက်ချားစရာ၊ ထိတ်လန့်စရာ၊ သရဲဝတ္ထုကောင်းကောင်းမျိုး ဖတ်ချင်နေသူတွေအတွက် ဆရာမနွေရွက်လွှာရေးတဲ့ ‘ချစ်သူ့ဝိညာဉ်’ ဆိုတဲ့ ပရလောကနောက်ခံ ဝတ္ထုတိုစုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ထဲမှာ ပရဆန်းကြယ် ထိတ်လန့်ဖွယ်ရာ သရဲဝတ္ထုတိုတွေ အများကြီး ပါဝင်တယ်ဆိုတော့ စာဖတ်သူတွေအတွက် အားပါးတရ ဖတ်ရမယ့် စာအုပ်မျိုးပေါ့နော်။ ‘ပန်းလေး … သက်တံ ကားတိုက်လို့ ဆုံးပြီတဲ့’ ဆိုတဲ့ သတင်းဆိုး။ ‘မဖြစ်နိုင်တာ ညနေကတောင် ငါနဲ့ ဖုန်းပြောသေးတယ်’ ဆိုတဲ့ ငြင်းဆိုမှု။ ‘မယုံရင် လိုင်းဖွင့်ကြည့်။ FB မှာ သူ့သတင်း တက်နေပြီ’ ဆိုတဲ့ ခိုင်လုံမှုတွေနဲ့အတူ … ဘယ်လို ရင်တုန်ချောက်ချားစရာ အဖြစ်အပျက်တွေ၊ လွမ်းမောစရာ အကြောင်းအရာတွေက စာဖတ်သူတွေကို ဘယ်လို ဆွဲခေါ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါ့အပြင် ဒီလို ရသစုံလင်တဲ့ ပရလောကနောက်ခံ ဝတ္ထုတွေ အများကြီးပါဝင်တာမို့ ဒီစာအုပ်လေးက စာချစ်သူတို့အတွက် အဆင်ပြေပြေ ဖတ်နိုင်မယ့် စာအုပ်လေး ဖြစ်မှာပါနော်။