ဝိညာဥ္တြယ္ရာ မ်က္လုံးမ်ား

နွေတမာန်

600 Kyats ကျပ်
တချို့လူတွေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှားရှားပါးပါး မွေးရာပါ ပါရမီစွမ်းအင် တစ်ခုခု ရှိတတ်ပါတယ်။ ကိစ္စတစ်ခုခု ကြုံပြီးမှ ဝိညာဉ်နဲ့ ဆက်သွယ်နိုင်တာတို့၊ သာမန်လူတွေ မမြင်နိုင်တဲ့ လှိုင်းနဲ့ ပုံရိပ်တွေ အသံတွေကို မြင်နိုင် ကြားနိုင်တဲ့ လူထူးဆန်းတွေ ရှိတယ် ဆိုတဲ့ မှတ်တမ်းတွေလည်း အနောက်ကမ္ဘာမှာ အများအပြား ရှိပါတယ်။ ဒီ ဝတ္ထုထဲက ကောင်မလေးကတော့ ကောင်းတယ်ပဲ ပြောရမလား ဆိုးတယ်ပဲ ပြောရမလား မသိဘူး။ လူမမယ် အရွယ်ကတည်းက အမြင်အာရုံ ဆုံးရှုံးခဲ့ရပြီး၊ ကံကောင်းချင်တော့ (၁၂) နှစ်လောက် ကြာတဲ့အခါမှာ စေတနာရှင် တစ်ဦးရဲ့ မျက်ကြည်လွှာ လှူဒါန်းမှုနဲ့ အစားထိုး ကုသနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ အစစ်အမှန်လား ပုံရိပ်ယောင်လား ခွဲမရနိုင်တဲ့ ဝိညာဉ် မိန်းကလေးတစ်ယောက်ကို သူ့အနားမှာ အမြဲ တွေ့တွေ့နေတော့တယ်။ ဒရာမာဆန်ဆန် ဇာတ်လမ်းနဲ့အတူ စိတ်ချောက်ချားဖွယ်ရာ ဂမ္ဘီရဝတ္ထု ဖြစ်တော့၊ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဝိညာဉ်တွယ်ရာ မျက်လုံးတစ်စုံရဲ့ အသိရခက်မှုတွေကတော့ … ။