မိစ္ဆာပူးသောဘ၀များ

နွေတမာန်

600 Kyats ကျပ်
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး နီကိုးလပ်စ်ကေ့ခ်ျနဲ့ ပတ်သက်ပြီး မင်းသားကြီးဟာ နှစ်ပေါင်းများစွာ တစ်ဘဝပြီးတစ် ဘဝကူးပြောင်း အသက်ရှင်နေထိုင်ခဲ့သူ ဆိုတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ဘူးပါတယ်။ ဒီလို ထူးဆန်းပြီး ဂမ္ဘီရဆန်တဲ့ သတင်းဟာ အခြေအမြစ် မရှိဘူးဆိုတဲ့ ယူဆချက်နဲ့အတူ မကြာခင်မှာပဲ ငုပ်လျှိုးသွားခဲ့တယ်။ နွေတမာန်ရဲ့ အခုဇာတ်လမ်းက အဲဒီသတင်းဟာ တကယ်များ ဖြစ်နေမလားဆိုတဲ့ အတွေးကို ဖြစ်စေပါတယ်။ ဟုတ်ပါတယ်။ ဒေါက်တာပက်ထရစ်ကနောင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ကျော်က စတင်ခဲ့တဲ့ ရုပ်ပြောင်းနာမ်လွှဲ ဖြစ်ရပ်၊ သူဌေးကြီးတွေ အစဉ်အဆက်ရဲ့ အနုပညာလောက,က နုနယ်ပျိုမျစ်တဲ့ ယောက်ျားလေးတွကို အမွေစားအမွေခံ မွေးစားလာခဲ့တဲ့ ထူးဆန်းမူ၊ နာမည်ကျော် စာရေးဆရာကြီးတစ်ဦးကို သူရဲ့ မွေးစားသား အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားက သတ်လိုက်တဲ့ ရာဇဝတ်မှု။ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေနဲ့ ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ လောကကြီးထဲ ဂမ္ဘီရဆန်စွာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ဖော်ပြနေပါတယ်။