ပုစ္ဆာဆန်သော တစ္ဆေမလေး

နွေတမာန်

600 Kyats ကျပ်
သရဲ တစ္ဆေ ပရလောကဝိညာဉ် အကြောင်းအရာတွေ ပါတဲ့ ချောက်ချောက်ချားချား စိတ္တဇဆန်ဆန် ဝတ္ထုတွေ ဖတ်ရတာ ကြိုက်တယ် ဆိုရင်တော့ ဒီစာအုပ်က ဝန်ဇင်းပရိသတ်ကြီးအတွက် ကျေနပ်စရာပါပဲ။ ပုစ္ဆာဆန်သော တစ္ဆေမလေးဟာ စာရေးသူ နွေတမာန်ရဲ့ ကလောင်အောက်မှာ ဘယ်လောက်ထိ ပုစ္ဆာဆန်နေမလဲ ဆိုတာတော့ စာဖတ်သူကိုယ်တိုင် အဖြေရှာ ကြည့်စေချင်ပါတယ်။ ဒီဝတ္ထုထဲမှာ ပါတဲ့ ‘ကေသွယ်’ ဆိုတဲ့ မိန်းကလေးကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူမဟာ အမြဲလိုလို ထူးဆန်းတဲ့ အိပ်မက်တွေကို မြင်မက်နေတတ်တယ်။ တစ်ရက်တော့ သူတို့ မိသားစုရဲ့ တစ်ဖက်ခြံကို သူမနဲ့ ရွယ်တူ ကောင်မလေးတစ်ယောက်ပါတဲ့ မိသားစုတစ်စု ပြောင်းလာတယ်။ ကေသွယ်နဲ့ အဲ့ဒီကောင်မလေး ‘ရူပါ’ တို့ ခင်မင်သွားပြီး နောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် အဖြစ်အပျက်တွေက ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ အရမ်းဖတ်လို့ကောင်းလို့ စာဖတ်သူကြီး ကြိုက်မှာ သေချာပါတယ်။