တမလွန်ကပြန်ခဲ့တယ်

နွေတမာန်

600 Kyats ကျပ်
ဆန်းကြယ်တဲ့ သဘာဝရဲ့ အံ့သြဖွယ်ရာဟာ တစ်ရက်မှာတော့ စန္ဒီဆိုတဲ့ မိန်းမရွယ်တစ်ယောက်ဆီ စိုက်စိုက်မြိုက်မြိုက်ကြီးကို ရောက်လာတယ်။ ရေချိုးရင်း ဓာတ်လိုက်သွားပေမယ့် ခဏတာမေ့မျောသလို ဖြစ်သွားရုံကလွဲလို့ အန္တရာယ်မရှိခဲ့တဲ့ စန္ဒီဟာ သတိထားမိမိခြင်းမှာပဲ တစ်ခါမှ မတွေ့ဘူးတဲ့ မြင်ကွင်းရှည်ကြီးတစ်ခုကို စက္ကန့်မလပ် မြင်တွေ့လာရပါတယ်။ ဒါပေမယ့် အမြင်လွှာနှစ်ထပ်ဖြစ်နေသလိုမျိုး လက်ရှိဘဝမှန်နဲ့ အလွှာခြားနေတဲ့ လောကတစ်ခုကို မြင်ရသလို မြင်ကွင်းပါ။ အိမ်ကြီးတစ်အိမ်၊ အဲ့ဒီအိမ်နဲ့ ဝန်းကျင်က လူတွေရဲ့ လှုပ်ရှားမှုတွေ။ အသံမကြားရပေမယ့် မြင်တွေ့နေရတဲ့ ထိုမြင်ကွင်းရှည်ကြီးဟာ ဘယ်နေရာ ဘယ်အိမ်က ဘယ်လိုလူတွေကို ဘာကြောင့်မြင်တွေ့နေရတာလဲဆိုတာက “တမလွန်က ပြန်ခဲ့သူ” တစ်ယောက် အဖြေရှာရာမှာတော့ … ။