စုန်းအပျိုစင်

နွေတမာန်

600 Kyats ကျပ်
ဒီဝတ္ထု ဖတ်နေရင်း ဒဏ္ဍာရီဆန်တဲ့ နာမည်ကြီး ဂမ္ဘီရ ရုပ်ရှင်ကို ကြည့်နေရသလိုမျိုး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ခံစားချက် ရနေပါလိမ့်မယ်။ စိတ်ကူးယဉ်လို့ သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဝတ္ထု စကတည်းက ‘ရာစုသစ် စုန်းခေါင်ချုပ် ရွေးချယ်ပွဲနှင့် နိုင်ငံတကာ စုန်းပညာရှင်များ စုန်းပညာ နှီးနှောဖလှယ်ပွဲ (၂၀၀၀) ပြည့်နှစ်’ ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရတဲ့အပြင်၊ ဇာတ်လမ်း နောက်ခံကလည်း လူသူ အရောက်အပေါက် နည်းတဲ့ ဟိမဝန္တာတောင်ကြီးရဲ့ အမြင့်ဆုံး တောင်ထွတ်ပေါ်က ရဲတိုက်ကြီးထဲက အဖြစ်အပျက်တွေနဲ့ ဆိုတော့ ဖတ်ရတာ အရမ်းမိုက်ပါတယ်။ ဒါက စုန်းလောကပါ။ တစ်ဖက်မှာတော့ (၁၉၉၉) ခုနှစ်၊ ရန်ကုန်မြို့ရဲ့ ဒီဇင်ဘာ (၃၁) ရက် ညနေခင်းတစ်ခုနဲ့ အစဖွင့်ထားပြန်တယ်။ နှစ်သစ်ကူးပွဲကို ကျင်းပဖို့ စီစဉ်နေကြတဲ့ အိမ်ရှင်မောင်နှမ သုံးယောက် အပါအဝင် သူတို့ သူငယ်ချင်းတွေ စုစုပေါင်း (၁၈) ယောက်။ စုန်းလောကနဲ့ လူ့လောကထဲက နှစ်သစ်ကူးညတို့ ဘယ်လို ဆက်နွယ်နေမလဲ။ စုန်းအပျိုစင် ဆိုတာကရော … ။