ကုမ္ဗဏီလောကအတွင်းက ထိပ်တန်းအဆင့်

အောင်အေး(ရန်ကုန်တက္ကသိုလ်)

600 Kyats ကျပ်
‘ကျွန်တော်တို့ဟာ ရွေးချယ်စရာတစ်ခုခုကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ ရွေးချယ်ခဲ့တဲ့အရာက ရွေးချယ်သူကို ထိန်းချုပ်သွားတော့တာပါ’မေရီ ခရောင်လီ (Mary Crowley) ကျွန်တော်တို့ရဲ့ ဘဝဆိုင်ရာ အောင်မြင်မှုကို ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေက အဆုံးအဖြတ်ပေးပါတယ်။ မိမိအနေနဲ့ ဘဝမှာ ရွေးချယ်မှု တစ်ခုခုကို လုပ်ကို လုပ်ရပါလိမ့်မယ်။ အဲဒီ ရွေးချယ်မှုကနေ မိမိကိုယ်တိုင်နဲ့ တခြားသူတွေကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာ လေ့လာသွားစေမှာဖြစ်ပြီး အောင်မြင်မှုကို အဆုံးအဖြတ် ပေးသွားမှာပါ။ သင်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက် ဖြစ်ပါသလား။ ဒါမှမဟုတ် ကုမ္ပဏီလုပ်ငန်းတွေကို စိတ်ပါဝင်စားသူ ဖြစ်ပါသလား။ ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ ဖတ်ပြီးရင် တွေးပါ၊ အတွေးကို အကောင်အထည်ဖော်ပါ၊ ဒီစာအုပ်ထဲက အကြံပြုချက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာကျင့်သုံးကြည့်ပါ။ ကုမ္ပဏီလောကအတွင်းက ထိပ်တန်းအဆင့်နေရာကို ဘယ်လိုသွားရမလဲဆိုတာ သင် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး ရောက်ရှိသွားမှာ မလွဲပါဘူး။