ပျောက်ဆုံးခြင်းရဲ့ နောက်ကွယ်

အောင်ဒေါင်းဏီ(ဘဝသစ်)

300 Kyats ကျပ်
(၂၀၀၉) ခုနှစ်လောက်က ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့ကလေးမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ဝတ္ထုအဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ မိုင်းဆက်မြို့ကလေးမှာ အဲဒီအချိန်က သောင်းကျန်းသူတွေ ကြီးစိုးနေတာကြောင့် တပ်မတော်က သွားရောက် နှိမ်နှင်းခဲ့ကြပါတယ်။ သောင်းကျန်းသူတွေကြောင့် ဒေသခံတွေလည်း လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင် စားသောက်ခွင့်မရ၊ တပ်မတော်သားတွေလည်း အထိအခိုက် အကျအရှုံး များပြားခဲ့ပါတယ်။ ဗိုလ်မှူးကြည်ထွန်း ခေါင်းဆောင်တဲ့ တပ်ကူအဖွဲ့၊ မိုင်းဆက်မြို့ကလေးဆီ ချီတက်လာခဲ့ရင်း ခရီးလမ်းက ရွာတစ်ရွာမှာ တည်းခိုနေတုန်း ဒီအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တယ်။ အရှက်ကြီးသလို ဒေါသလည်းကြီးတဲ့ တပ်သားကျော်ရဲနဲ့ သူတစ်ပါးကို အထင်အမြင်သေးတတ်၊ မဆင်မခြင် စွပ်စွဲတတ်တဲ့ ရွာခံအမျိုးသမီး မာလာခင်တို့ရဲ့ ပြဿနာကနေ စခဲ့တဲ့ လူသတ်မှုကြောင့် ကြောက်မက်ထိတ်လန့်စရာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပွားလာတဲ့အခါ … ။