ရင်ဖိုအနမ်း

အောင်ဒေါင်းဏီ(ဘဝသစ်)

200 Kyats ကျပ်
'ကျွန်မလို သာမန်လူသား တစ်ယောက်က မောင့်လို ကောင်းကင်မှာ တောက်ပစွာ လှနေတဲ့ ကြယ်ပွင့်လေးကို လှမ်းယူဖို့ မဖြစ်နိုင်သလို မောင့်လို ကြယ်ပွင့်လေးကလည်း ကျွန်မတို့ လူသားတွေနေတဲ့ မြေပြင်ကို ကြွေကျလာဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးမောင် ...' ဆိုတဲ့ သစ္စာဖြူ။ 'ငါ့မှာတော့ မင်းကိုချစ်လွန်းလို့ မင်းနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့၊ ငါ့အမေစကားကိုတောင် နားမထောင်ဘဲ ဆင်းလာခဲ့တာ … မင်း ငါ့ကို ကြိုဆိုတာက ပျော်ရွှင်မှု မရှိပါလား … မင်းလမ်းခွဲစကား ပြောတော့ရော ငါကလွမ်းမယ်လို့ ထင်နေလား ...' ဆိုတဲ့ မင်းသူ။ အချစ်စစ်တို့ရဲ့ လမ်းဟာ ဖြောင့်ဖြူးမှု မရှိ၊ ငြှောင့်ဆူးအတိ ဆိုသလိုပဲ မင်းသူနဲ့ သစ္စာဖြူတို့ ချစ်သူနှစ်ဦးဟာ တစ်ဦးကို တစ်ဦး သိပ်ချစ်ကြပေမဲ့ ကံတရားကတော့ သူတို့နှစ်ဦးကို မချစ်ခဲ့ပါဘူး။ အချစ်ရဲ့ စေညွှန်ရာကို နှလုံးသားကိုယ်စီက လိုက်နာခဲ့ကြပေမဲ့ မျှော်လင့်မထားတဲ့ လောကရဲ့ မျက်လှည့်ကို သူတို့ချစ်သူနှစ်ဦး ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဖတ်ရှုခံစားရင်း စီးမျောကြည့်ရအောင်။