ပျံတက်သော်လည်း အဆန်ခက်သည်နှင့် ဂမ္ဘီရဝတ္ထုတိုများ

အောင်ကျော်ဆွေ(သန်လျင်)

500 Kyats ကျပ်
“ကျော်ကြီးရေ … မီးဆလိုက် အသင့်ပြင်ပေတော့။ ဒီကောင်က ဒီနားတစ်ဝိုက်ကလွဲလို့ ပြေးမယ့်ပုံ မပေါ်သေးဘူး။ ငါလည်း ကျည်အသင့်ထိုးထားမယ်။ ကားကို ဖြည်းဖြည်းမောင်းထား” ကားပေါ်တွင် ပါလာသည့် ဆလန်ဘာဂျာ (ရေနံတွင် စက်ပစ္စည်းများ တင်သွင်းသည့် ကျွမ်းကျင်ပညာရှင်) ပြင်သစ်လူမျိုးကလည်း ငြိမ်နေရာမှ အားတက်သရော ထရပ်လိုက်သည်။ ဦးကျော်ဆွေကမူ ဘာမျှမပြောဘဲ ကြည့်နေသည်။ ကျွန်တော်ကလည်း ဆလိုက်မီးကို ဘက်ထရီတွင် ချိတ်လျက် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။