ကျန်းမာရေးနှင့်အညီ ကိုအလေးချိန်လျှော့ချခြင်း

အောင်လှိုင်

600 Kyats ကျပ်
စာချစ်သူတို့မှာ ကိုယ်ခန္ဓာ ပြည့်တင်းနေသူ၊ ဝနေသူ၊ အဆီများနေသူတွေ ရှိကြလားဗျို့။ ရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျပြီး အလေးချိန်လျော့သွားဖို့ နည်းလမ်းတွေကို လိုချင်နေကြမှာပဲနော်။ ဟိုဆေးတွေသောက်၊ ဒီဆေးတွေသောက်နဲ့ ဘယ်လိုအစားလျှော့လျှော့ အလေးချိန်က လျော့မသွားဘဲ တိုးသထက်တိုးနေလို့ စိတ်ညစ်နေတယ် ဆိုရင်တော့ တကယ်အလုပ်ဖြစ်စေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီစာအုပ်လေးထဲက အချက်အလက်တွေက စာချစ်သူတို့ကို စိတ်ချမ်းသာစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်မှာ … ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်ကို ဘယ်လိုလျော့ကျသွားအောင် ပြုလုပ်မလဲ ဆိုတဲ့ အချက်တွေ၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းတရားတွေ၊ အစားအစာ စားသောက်နေထိုင်မှု ပုံစံတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ အစီအစဉ်တွေ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေ၊ စိတ်နဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ (၁၄) ရက်စာ အစားအသောက် ချင့်ချိန်စားသောက်မှု အစီအစဉ်တွေကို အသေးစိတ် ရေးသားပြုစုထားပါတယ်။ ကဲ … ဝိတ်ကျချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီး လိုက်နာလုပ်ဆောင်ကြည့်နိုင်ပါပြီ စာချစ်သူတို့ရေ။