တစ်မိနစ်မန်နေဂျာနဲ့ ခေါင်းဆောင်မှု

အောင်စည်သာ(မြန်မာပြန်)

600 Kyats ကျပ်
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး ... ဘယ်ကဏ္ဍမှာမဆို ခေါင်းဆောင်သူ၊ အုပ်ချုပ်သူ၊ ရှေ့ဆောင်လမ်းပြသူ ဆိုတာ ရှိပါတယ်။ ဦးဆောင်သူမှာ ခေါင်းဆောင်တစ်ယောက် သိထားရမယ့် အစိတ်အပိုင်းတွေ ရှိသလို လက်အောက်က လူအနေနဲ့လည်း ကိုယ့်ကို ခေါင်းဆောင်သူ အပေါ် သိနားလည်ရမယ့် အချက်အလက်တွေ ရှိပါတယ်။ ဒီစာအုပ်က ဒီကဏ္ဍတွေနဲ့ ပတ်သက်ပြီး အလွယ်တကူ လေ့လာဖတ်ရှုနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်လို သင့်ကို ပြောပြသွားမှာပါ။ ဒီဇာတ်လမ်းက သင့်ကို အုပ်ချုပ်သူတို့ မသိမဖြစ် သိရမယ့် နည်းလမ်းသုံးခုကို လမ်းပြသွားမှာပါ။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းတွေက ဆေးပညာနဲ့ လူ့အပြုအမူဆိုင်ရာ သိပ္ပံပညာက တွေ့ရှိချက်တွေကို ဖော်ပြပေါ်ရင်း လူတော်တော်များများကို ဘယ်လို အုပ်ချုပ်ရမယ်ဆိုတာ သင့်ကို နားလည်စေပါလိမ့်မယ်။ စာအုပ်ဆုံးတဲ့အခါမှာ အဲဒါတွေကို သင့်ရဲ့ လက်တွေ့ဘဝမှာ ဘယ်လို အသုံးချရမလဲဆိုတာ သိလာပါလိမ့်မယ်။ လက်တွေ့မှာ အလုပ်ဖြစ်၊ အကျိုးရှိစေမယ့် အကြောင်းအချက်တွေကို တိုတိုတုတ်တုတ်နဲ့ အဆီအနှစ်တွေချည်း စုစည်းဖော်ပြထားတာမို့ ဒီစာအုပ်ကနေ ခေါင်းဆောင်မှုအရည်အသွေးတွေကို ထုတ်ယူပြီး လက်တွေ့ဘဝ အောင်မြင်တိုးတက်ဖို့ အသုံးပြုနိုင်ပါပြီ စာချစ်သူတို့ရေ။