ချစ်ရသူတစ်ယောက်သို့ အချစ်ဝတ္ထုနုနုများ

အောင်ချစ်မင်းမြတ်

600 Kyats ကျပ်
... လေပြေလေညင်းတို့ကလည်း ဝေ့ခနဲ၊ ဝိုက်ခနဲဖြင့် တိုက်ခိုက်၍ သွားတတ်ပြန်လေ၏။ ထိုလေပြေ လေညင်းတို့ကြောင့် သူ၏ လွမ်းသော ရင်မှာ ချမ်းမြ၍ပင် သွားရပြန်လေ၏။ တစ်ခါတစ်ခါ ဟိုးခပ်ဝေးဝေး တစ်နေရာရာတို့ထံမှ ပုစဉ်းရင်ကွဲသံတို့ကို ဆွေးဆွေးမြေ့မြေ့ဖြင့် သူ ကြားနေရတတ်ပြန်လေ၏။ ကျော်ကျော်ခိုင်သည် လရောင်အောက်တွင် တစ်ယောက်တည်း ထိုင်လျက် သူ့ချစ်သူ မေသက်ထားခိုင်အား သတိရလွမ်းဆွတ်သောစိတ် ဖြစ်၍နေမိလေ၏။ ချစ်သူဘဝကို စတင်ရောက်ရှိလာခဲ့ချိန်မှ စ၍ စီးပွားရေးသမားမဟုတ်သောကြောင့်၊ ရွှေငွေဥစ္စာ မရှိသောကြောင့် မိဘများက သူနဲ့ သဘောမတူနိုင်၍ သူတို့ချစ်သူနှစ်ဦး အငိုနှင့် လမ်းခွဲခဲ့ရပုံတို့ကို စ လယ် ဆုံး သုံးပါး သူ ပြန်၍ မြင်ယောင်နေမိလေ၏။