အားရွိတဲ့အခ်ိန္မွာခုန္လုုိက္ပါ

အောင်ကိုဦး (UMK)

800 Kyats ကျပ်
ဆရာ အောင်ကိုဦး (UMK) ရဲ့ စိတ်ဓာတ်ခွန်အားဖြည့် အတွေးစာစု စာအုပ်လေးပါ။ 'ဘဲကတော့ ပြေးလို့လည်း ရတယ်။ ပျံလို့လည်း ရတယ်။ ရေလည်း ကူးတတ်တယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။ ဒါပေမဲ့ တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်တော့ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင်ဘူး။ ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး။ ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရင် ဘဲဟာ ဘယ်ဘက်မှာမှ Professional မဖြစ်ပါဘူး' ဆိုတဲ့ စာစုမျိုးတွေ ဒီစာအုပ်မှာ အများကြီး ဖတ်ကြရမှာပါ။