လူငယ်တွေ စဉ်းစားဖို့

အောင်ကိုဦး (UMK)

800 Kyats ကျပ်
ဆရာအောင်ကိုဦး (UMK) ရဲ့ တတိယမြောက် စာအုပ်ဖြစ်တဲ့ 'လူငယ်တွေ စဉ်းစားဖို့' စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်က မြန်မာလူငယ်တွေအတွက် တန်ဖိုးရှိတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ စာရေးသူဟာ အင်္ဂလိပ်စာ ဆရာတစ်ယောက်ဖြစ်သလို လူငယ်တွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူ ဖြစ်လို့ လူငယ်တွေအကြောင်း နားလည်ပါတယ်။ လူငယ်တွေရဲ့ အတွေးအမြင်၊ ခံစားချက်၊ ကြိုးစားအားထုတ်မှု၊ ဝါသနာနဲ့ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေကို သိရှိပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ စိတ်ထားပြည့်ဝမှန်ကန်ပြီး အတွေးအခေါ် ကောင်းတဲ့၊ ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ လောကကောင်းကျိုးကို သယ်ပိုးနိုင်တဲ့ လူငယ်တွေ ဖြစ်နိုင်စေဖို့ ဆရာကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝ အတွေ့အကြုံ၊ အဖြစ်အပျက်၊ သင်ခန်းစာတွေကို ရောယှက်ပြီး လူငယ်တွေအတွက် စေတနာအပြည့်နဲ့ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။