ငါမေသေသးဘူး

အောင်(ရှမ်းမြောက်)

200 Kyats ကျပ်
တင်မောင်နဲ့ လှထူးတို့ သူငယ်ချင်းနှစ်ယောက် မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ ညမှာ ချောက်ထဲထိုးကျနေတဲ့ ကားတစ်စီးကို တွေ့လိုက်ရတယ်။ ကူညီဖို့ သွားကြည့်ကြပေမဲ့ ကားထဲမှာ ရွှေတွေ ညွှတ်နေအောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် ဒဏ်ရာအပြင်းအထန်နဲ့ သေနေတာကို တွေ့တော့ သူတို့ လောဘဇောတက်ပြီး ရွှေတွေကို ချွတ်ယူခဲ့ကြတယ်။ လက်စွပ်ကို ချွတ်ယူမရလို့ ဓားနဲ့ လက်ချောင်းကို ခုတ်လှီးဖြတ်တောက်ပြီး ရအောင် ယူခဲ့ကြပါတယ်။ ပြီးတော့ ကိုယ့်မြို့ကို ကိုယ်ပြန်ခဲ့ကြတဲ့ လမ်းမှာ သူတို့ကားကို လှမ်းတားတဲ့ မိန်းကလေးတစ်ယောက်။ သူတို့က မကြောက်တတ်တဲ့သူတွေဆိုတော့ မိန်းကလေးကို လမ်းကြုံခေါ်တင်ခဲ့ကြတယ်။ အဲဒါ တင်မောင်နဲ့ လှထူးရဲ့ မဟာအမှားပါပဲ။ ဘယ်လို သွေးလန့်ရင်ထိတ်စရာ အဖြစ်ဆိုးတွေကို ကြုံကြရမလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။